Thursday, May 14, 2015

မြန်မာလုပ်သားလေးဦးကို သေနတ်ဖြင့်ပစ်သော ထိုင်းအလုပ်ရှင်အား မြန်မာသံရုံး အမှုဖွင့်တိုင်ကြား


လုပ်အားခတောင်းခံ သော မြန်မာလုပ်သားလေးဦးကိုသေနတ်ဖြင့်ပစ်သော ထိုင်းအလုပ်ရှင်သူဌေးအား အရေးယူ ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင် ရာမြန်မာသံရုံးက ထိုင်းရဲတပ်ဖွဲ့ရုံး ချုပ်တွင် အမှုဖွင့်တိုင်ကြား လိုက် ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတောင်ပိုင်းဆူ ရတ်ဌာနီခရိုင်ရှိ ရော်ဘာခြံတစ်ခုတွင် ခုနစ်လကြာအလုပ်လုပ်ကိုင် နေသော မြန် မာလုပ်သားလေးဦး သည် ပြီးခဲ့သည့် မေလ ၂ရက်က အလုပ်ရှင်ထံ လုပ်အားခ ဘတ်ငွေ သုံးသောင်းကျော်တောင်းခံရာ၌ အလုပ်ရှင်သူဌေးက လုပ်အားခမပေးဘဲသေနတ်ဖြင့်ရှစ်ချက်ပစ်ခတ် လိုက်ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက်(၂၀)အရွယ် ကိုဖြိုး၏ လက်ကိုထိမှန်သွား ပြီး မြန်မာလုပ်သားလေးဦးသည် မဟာချိုင်မြို့ရှိ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့(MAT)ရုံးသို့ ထွက်ပြေးပုန်းရှောင်နေခဲ့ရကြောင်း မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ ကိုကျော်သောင်းကပြောသည်။

MATအဖွဲ့မှ တာဝန်ရှိသူ များသည် အမှုဖြစ်စဉ်ကို ထိုင်းနိုင် ငံဆိုင်ရာမြန်မာသံရုံးမှ တာဝန်ရှိ သူများ၊ မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ များနှင့်တိုင်ပင်၍ မေ လ၁၂ရက်ကထိုင်းနိုင်ငံရဲတပ်ဖွဲ့ရုံးချုပ်သို့ အမှုဖွင့်တိုင်ကြားလိုက်ခြင်းဖြစ်သည်။

‘‘သေနတ်နဲ့ပစ်လို့ ကိုဖြိုးဆို တဲ့ ကောင်လေးရဲ့ လက်မောင်း ကို ထိသွားတယ်။ ထုတ်ချင်း ပေါက်သွား တာပေါ့။ သေနတ်နဲ့ အပစ်ခံရလို့ ထွက်ပြေးလာကြ တာပေါ့။ အဲဒါနဲ့ မြန်မာသံရုံးနဲ့ တိုင်ပင်ပြီး မနေ့ကပဲ အမှုဖွင့်တိုင် ကြားခဲ့တာပါ။ ထိုင်းရဲတပ်ဖွဲ့က လည်း လက်ခံပါတယ်။ ဒါပေမဲ့ အကြောင်းကြားပြီး ဖုန်းဆက်ပါ မယ်လို့ ပြောတယ်။ အမှုသွားဖွင့် တာ ကျွန်တော်တို့ပါတယ်။ သံရုံး က အတွင်းဝန်ဦးလေးမြင့်လည်း ပါပါတယ်’’ဟု ဦးကျော်သောင်း က မေလ ၁၃ရက်တွင်ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထွက်ပြေးလာသော မြန်မာလုပ်သားလေးဦးသည် ထိုင်းနိုင်ငံသို့တရားဝင် လာရောက်လုပ်ကိုင်သူများဖြစ်ပြီး ၎င်းတို့အား MATရုံးတွင် ထိန်းသိမ်းထားကြောင်းMAT တာဝန်ရှိသူ ကိုဘခက်ကပြောသည်။


7Day Daily

No comments:

Post a Comment

My Blog List