တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို ပါးစပ်ကအပြော မဟုတ်ဘဲ လက်တွေ့ ကျကျဆောင်ရွက်ဖို့လို ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့ ကြောင်းသိရသည်။
ပြည်တွင်းစစ်ဒဏ်ကြောင့် မသန် စွမ်းဖြစ်ခဲ့သူများအား ပြည်သူ့လွှတ် တော်မှ တာဝန်ပေးအပ်ခြင်းခံရသူ များကသွားရောက်ကူညီခဲ့ပြီး ယင်း ကဲ့သို့ ကူညီမှုမျိုးတိုးမြှင့်ဆောင်ရွက် သွားရန်အပြင် တိုင်းရင်းသားစည်း လုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို ပါးစပ်ကအပြောမဟုတ်ဘဲ လက် တွေ့ကျကျဆောင်ရွက်ဖို့လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက''လွှတ်တော်အနေနဲ့ဒီလို ကိစ္စရပ်များကိုတိုးမြှင့်ဆောင်ရွက် ပေး ပြီး နောက်ဆုံးအခြေအနေ ကတော့တကယ်ကို လိုအပ်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို ပါးစပ်ကအပြောမ ဟုတ်ဘဲနဲ့လက်တွေ့ကျကျဆောင် ရွက်ဖို့လို ပါတယ်။ တစ်ဖက်နဲ့တစ် ဖက်ရိုးသားစွာပြောဆိုဆွေးနွေး ခြင်း၊ လေးလေးစားစားဆောင်ရွက် ခြင်း၊ မျှမျှ တတပြောဆိုဆွေးနွေး ခြင်းဟာ ငြိမ်းချမ်းရေးအတွက် အ ထောက် အကူပြုနိုင်မှာဖြစ်ပါတယ်'' ဟုပြော သည်။
ပြည်သူ့လွှတ်တော်မှ အဖွဲ့များ သည် ပဲခူးတိုင်းဒေသကြီး ကျောက် ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၆၉ ရွာမှ ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့သူ ၃၅ရဦးတို့ကို ၂၀၁၅ ခုနှစ် ဧပြီ၂၅ရက်မှ ၂ရရက်အထိ မသန်စွမ်းမှုပစ္စည်း များထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခြင်း နှင့်ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ ကြောင်း လွှတ်တော် သို့ အစီရင်ခံစာ ဖတ်ကြားတင်ပြခဲ့သည်။
ယင်းအစီရင်ခံစာတွင် အ ကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ် ရာရခဲ့သူများ၊ ကိုယ်လက်အင်္ဂါဆုံး ရှုံးခဲ့သူ များအား ကျန်းမာရေးလို အပ်ချက်များဟု ဖော်ပြထားသော် လည်း ပြည်တွင်းစစ်ဒဏ်ကြောင့် ခံစားနေ ရခြင်းဖြစ်သည်ကို ဝမ်းနည်း စွာတွေ့ရှိရကြောင်း သူရဦးရွှေမန်း ကဆိုသည်။
''ဒီထက်ပိုပြီးတော့ ကျွန်တော် တို့အတွက် သင်ခန်းစာနဲ့ဆက်လက် ဆောင်ရွက်ရမယ့်ကိစ္စကတော့ ဒီနေ့ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့တဲ့ပြည်သူတွေ များစွာဒုက္ခ ရောက်နေတယ်။ သူတို့နဲ့ ဆက်စပ် တဲ့သားသမီးတွေ ဆွေမျိုးတွေများစွာ ဒုက္ခရောက်နေတယ်။ ဒီလိုမဖြစ်ရ လေအောင် လွှတ်တော်က အဓိက ထားဆောင်ရွက်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ကို ပြည်သူများနဲ့အတူ လွှတ်တော် ကိုယ်စားလှယ်များက ဖြစ်မြောက် အောင်ဆောင်ရွက်ရေး အတွက် ကျွန် တော်တို့အတွက် အရေးကြီးဆုံးတာ ဝန်တစ်ခုဖြစ်တယ်လို့ ပြောရမှာဖြစ် ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထပ်လောင်းပြော ကြားခဲ့သည်။
YM
#Democracytoday
No comments:
Post a Comment