Friday, May 15, 2015

ကန်ရဲ့ B-1 စစ်လေယာဉ်ကို သြစီမှာ ထားမှာမဟုတ်


သြစတြေးလျနိုင်ငံမှာ အမေရိကန်ပိုင် B-1 ဗုံးကျဲလေယာဉ် ဒါမှမဟုတ် ထောက်လှမ်းရေး လေယာဉ် ထားရှိ မယ်ဆိုတဲ့ သတင်းက မမှန်ဘူးလို့ အမေရိကန်က ပြောလိုက်ပါတယ်။အစောပိုင်တုန်းကတော့ အမေရိကန် ကာကွယ်ရေးအရာရှိ David Shear က အမေရိကန်ရဲ့ စစ်သုံးလေယာဉ်ကို သြစတြေးလျမှာ ထားရှိမယ် လို့ ပြောခဲ့ပါတယ်။
အာရှနဲ့ ပစိဖိတ်ဒေသမှာ တည်ငြိမ်အေးချမ်းရေး အမြဲတမ်း ရှိစေဖို့ အတွက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို ပြောဆိုမှုအပေါ် တရုတ်ကလည်း စိုးရိမ်မကင်း ဖြစ်ခဲ့ပါတယ်။

အဲဒီလို ပြောဆိုပြီး နာရီပိုင်းအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အမေရိကန် စစ်လေယာဉ်ကို သြစတြေးလျမှာ ထားရှိဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကလည်း အမေရိကန်ရဲ့ B-1 စစ်လေယာဉ်ကို သြစတြေးလျနိုင် ငံမှာ ထားမှာမဟုတ်ပဲ David Shear က စကားပြောမှားခဲ့တာလို့ အတည်ပြုပေးခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List