Wednesday, May 13, 2015

အားလုံးက တန်းတူညီတူ သဘောထားကြီးမှ တကယ့်ညီညွတ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အားလုံးက တန်းတူညီတူ သဘောထားကြီးမှ တကယ့်ညီညွတ်တဲ့ပြည်ထောင်စုကို ထူထောင်နိုင် မှာဖြစ်ကြောင်း စဉ်းစားစေချင်တယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့သည်။


မေ ၁၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအပြီး လွှတ် တော် သို့ လာရောက်လေ့လာသော ဘဝတစ်သက်တာပညာလူငယ် အဖွဲ့၊ တွေးခေါ်ပြောဆိုမှု ပညာမြှင့် တင် ရေးအဖွဲ့တို့နှင့်တွေ့ဆုံစဉ် ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ဖက်ဒရယ်စ နစ် အောင်မြင်ဖို့အတွက် ကျွန်မအမြင် မှာတော့ သဘောထားကြီးရမယ်။ တစ်ယောက်ချင်း၊ တစ်ယောက် ချင်း သဘောထားကြီးမှု ရှိရမယ်။ ကျန်တဲ့ ဟာတွေက နည်းနည်းနိုင်ငံရေးဆန် တယ်။ ပြောတာတွေက၊ ဖွဲ့စည်းပုံ အခြေခံဆိုရင်လဲ နိုင်ငံရေးပဲ။ တစ် ယောက်ချင်းပါဝင်မှုဆိုတာ တစ် ယောက်ချင်း စိတ်ဓာတ်က သဘောထားကြီးဖို့လိုတယ်။ ကိုယ့်လူမျိုးမှ ဆိုတဲ့ဟာ သိပ်ကျဉ်းကျဉ်းကြီးမြင် လို့ရှိရင် တကယ့်အောင်မြင် တဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ ဆို တာကတော့ နည်းနည်းတော့ ခက်မယ်။အဲဒီတော့ မြန်မာတွေ က အများစုဖြစ်နေတဲ့ဟာတွေကျတော့ ဗမာတွေက ပိုပြီးတော့ များများ သဘောထားကြီးရမယ်။

ဒါပေမဲ့ တခြားတိုင်းရင်းသားတွေကလဲ သဘောထားကြီးရမယ်။ အဆုံးကျ တော့ တန်းတူညီညွတ်မှုဆိုတာ သဘောထားကြီးမှုကနေ တန်းတူ ညီညွတ်မှုကနေ စရမယ်။ အားလုံး က တန်းတူညီတူ သဘောထားကြီးမှ တကယ့်ညီညွတ်တဲ့ ပြည်ထောင်စုကို ထူထောင်နိုင်မှာ။ အဲဒါကိုတော့ သေသေချာချာ စဉ်းစားစေချင်တယ်။
ဒီနိုင်ငံဟာ ပြည်ထောင်စုတစ်ခုအနေနဲ့ပဲ အောင်အောင်မြင်မြင် ရပ်တည်သွားနိုင်မှ ပြည်ထောင်စုအနေနဲ့ မှန်မှန်ကန်ကန် ညီညီညွတ်ညွတ် ရပ်တည်မသွားနိုင်ရင် ဒီနီုင်ငံရဲ့ ရေ ရှည်အောင်မြင်မှုက ရှိမှာမဟုတ်ဘူး။ အဲ့ဒါဟာ တစ်ဦးချင်း၊ တစ်ဦးချင်းမှာ ရှိတဲ့ ဒီမိုကရေစီတာဝန်အရ သဘော ထားကြီးဖို့လိုတယ်။

သဘောထားကြီး ဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့၊ အမြင်ချင်း ဖလှယ်တဲ့ လုပ်ငန်းတွေက အများကြီးအထောက် အကူဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ရထားတဲ့အခွင့်အရေးကို ကောင်း ကောင်းမွန်မွန် သုံးကြပါဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

No comments:

Post a Comment

My Blog List