ဖိလစ်ပိုင်နိုင်ငံမှ လာရောက် သင်ကြားပေးသော စတန့်သင် တန်းသို့
တက်ရောက်ခဲ့သည့် ဝင့်ယမုံလှိုင်က စတန့်ကို ကိုယ်တိုင် ဝါသနာ ပါသောကြောင့်
တက် ရောက်ခဲ့ခြင်းဖြစ်ပြီး အတွေ့အ ကြုံများရရှိကာ အမှတ် တရလည်း
ဖြစ်ခဲ့ကြောင်း ပြောသည်။
‘‘ညီမက ဇာတ်ကားတွေ ကြည့်ရင် ဒရာမာကားတွေထက် ဖိုက်တင်တွေ၊ အက်ရှင်ကားတွေကိုပိုကြိုက်တယ် ။ ညီမကလည်း အဲဒါမျိုး အရမ်းလုပ်ကြည့်ချင်တယ်။ ဒီသင်တန်းက သင်တန်း ကာလ ရက်တိုပေမယ့် ဘာမှ မသိတာထက်စာရင် နည်းနည်းတော့ သိသွားတယ်’’ဟု ဝင့်ယမုံလှိုင်က ပြောသည်။
ယင်းသင်တန်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် Forever မီဒီယာတို့ ပူးပေါင်း၍ မေလ ၄ မှ ၁၁ ရက်အထိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။
သင်တန်းတွင် ဝင့်ယမုံလှိုင် နှင့်အတူ Forever မီဒီယာ၌ ရုပ်သံဇာတ်လမ်းတွဲ များရိုက်ကူး နေသည့် သရုပ်ဆောင်အများစု တက်ရောက်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်သင်တန်းဆင်း သရုပ် ဆောင်သစ်များနှင့် ကိုလူချောအ ဖွဲ့မှ သရုပ်ဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
‘‘အမှတ်တရကတော့ အများ ကြီးပါပဲ။ တော်တော် ပင်ပင် ပန်းပန်းနဲ့ မလုပ်နိုင်တာတွေ လည်း လုပ်ခဲ့ရ တယ်။ သူများတွေက ကျွမ်းထိုးတာကို ခဏလေးနဲ့ တတ်သွားပေမယ့် ညီမက နှစ် ရက်လောက်သင်ခဲ့ ရတယ်။ ညီမ ကျွမ်းထိုးတာက စောင်းနေလို့ ညီမကို ကျွမ်းစောင်းလို့ခေါ်ကြတယ်။နောက်ကြတယ်။ ဒါပေမဲ့ အခုတော့ မှန်သွားပါပြီ’’ ဟု သင်တန်းတက်ခဲ့သည့် အမှတ် တရကို ဝင့်ယမုံလှိုင်က ပြောပြ သည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ပြက္ခဒိန်ဓာတ် ပုံများရိုက်ကူးရန် အစီအစဉ်ရှိပြီး ချောင်းသာ တွင် ကြော်ငြာရိုက်ရန် နှင့် ရုပ်ရှင်ကားတစ်ကား ရိုက်ကူး ရန် လက်ခံထားကြောင်း ၎င်းက ပြောသည်။
7Day News Journal

No comments:
Post a Comment