Wednesday, May 13, 2015

ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ ဟိုပုံးမြို့တွင် ဒုတိယအကြိမ်ကျင်းပမည်


 မြန်မာနိုင်ငံရှိဘုန်းတော် ကြီးသင် ပညာရေးကျောင်းများဖွံ့ ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘုန်း တော်ကြီးသင် ပညာရေးညီလာခံကို ရှမ်းပြည်နယ် ဟိုပုံးမြို့တွင် ဒုတိယအကြိမ် ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိ သည်။ အခြေခံပညာသင်ကြားနေ သော တစ်နိုင်ငံလုံးရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ၏ ကျောင်းအုပ်ဆရာတော် ၁,၆၀၀ ခန့်အား မေလ ၁၉ မှ ၂၁ ရက်အထိ ကျင်းပမည့် ညီလာခံသို့ဖိတ် ကြားထားကြောင်း ညီလာခံကိုကူ ညီထောက်ပံ့ပေးမည့် ပါရမီစွမ်း အင်ကုမ္ပဏီကဆိုသည်။
‘‘မနှစ်က ကျောင်းအုပ်ဆရာ တော် ၉၀၀ ကျော်တက်ရောက်ကြ တယ်။ ဒီနှစ်တော့ နစ်ဆနီးပါးတိုး ပြီး ဖိတ်ထားတယ်’’ဟု ပါရမီစွမ်း အင်ကုမ္ပဏီမှ တာဝန်ရှိသူကပြော သည်။

ဒုတိယအကြိမ် ဘုန်းတော်ကြီးသင် ပညာရေးညီလာခံတွင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ ဖွံ့ဖြိုး တိုးတက်လာရေးတို့ကို  ဆွေးနွေးကြမည်ဖြစ်သည်။မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁,၅၀၀ ကျော်တွင်ကျောင်းသား ၊ကျောင်းသူ နှစ်သိန်းကျော် တက်ရောက် ပညာသင်ယူနေပြီး အစိုးရ က နှစ်စဉ်ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်နေပြီဖြစ်သည်။

ပထမဆုံးအကြိမ် ဘုန်း တော်ကြီးသင်ပညာ ရေးညီလာခံ ကိုဟိုပုံးမြို့၌ ၂၀၁၄ မေလတွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့် တက်ရောက်၍ အဖွင့်စကားပြောကြားခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List