Friday, May 15, 2015

လောက်ကိုင်ဒေသ အရေးပေါ်အခြေအနေ ရက် ၉၀ ထပ်တိုး


လောက်ကိုင်ဒေသကို အရေးပေါ်အခြေအနေကြေငြာထားခြင်းအား ရက် ၉၀ ထပ်တိုးသတ်မှတ် ရန် ပြည်ထောင်စုလွှတ်တော်တွင် ယနေ့မနက်က အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့နှင့် အစိုးရစစ်တပ်အကြားတိုက်ပွဲများ ဖြစ်ပွားနေ သော လောက်ကိုင်ဒေသကို ဖေဖော်ဝါရီ ၁၇ ရက်ကစ၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၁၅)အရ အရေးပေါ်အခြေအနေ ရက် ၉၀ ကြေငြာထားခဲ့သည်မှာ ယခုလ ၁၇ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ယင်းကြောင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်က ယမန်နေ့(မေ ၁၄) ရက်က အဆိုပါဒေသသည် ပုံမှန်အခြေအနေ သို့ ပြန်လည်မရောက်ရှိသေးသဖြင့် အရေးပေါ်အခြေ အနေ နောက်ထပ် ရက် ၉၀ သတ်မှတ်ခွင့်ကို ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင်၏အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အတည်ပြုပေး ခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List