Wednesday, May 13, 2015

ဝင်းစိန်ဆရာတော်ကြီး ဦးစီးတည်ထားကိုးကွယ်တော် မူခဲ့သော ကမ္ဘာ့ အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို သီရီဒုံဆက်တည်မည့်သတင်း မဟုတ်မှန်



ဝင်းစိန်ဆရာတော်ကြီး ဦးစီးတည်ထားကိုးကွယ်တော် မူခဲ့သော မုဒုံမြို့မှ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးအား ထိုင်းနိုင်ငံ ဘုရင့်သမီး တော် ချက်ကရီသီရိဒုံ မှ ဆက်လက်တာဝန်ယူတည်ထားမည် မှာ မဟုတ်မှန် ကြောင်း အဆိုပါ ဘုရား ဂေါပက အဖွဲ့ ကပြောသည်။ “ဒီဘုရားကြီးတွေကို ထိုင်းနိုင်ငံက တာဝန်ယူပြီးတည်မယ်ဆိုတာ မဟုတ်ပါဘူး၊ ကောလာဟလ တွေပါ ။
ကျွန်တော်တို့လည်း ဘယ်သူကိုမှ အဲ့လိုမပြောဖူးပါဘူး၊ ဆရာတော်ကြီး မိန့်ကြားခဲ့တဲ့ အတိုင်းဘဲ ဆောင် ရွက်နေတာပါ” ဟု ဘုရားဂေါပက အဖွဲ့မှ ကိုတုန်း ကပြောသည်။

ထိုင်းကတည်ထားမည့်သတင်းနှင့်ပတ်သတ်၍ မုဒုံမြို့နယ်ရှိ ဒေသခံများကှ ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့ပြီး အခြားနိုင်ငံမှ ဆက်လက်တာဝန်ယူမည့်အစား မိမိနိုင်ငံကသာ ဆက်လက် တာဝန်ယူ တည်ထား သင့်ကြောင်း ပြောဆိုမှုများလည်းရှိသည်။ လက်ရှိအချိန်တွင် အတောင်၄၀၀ ပြည့် ဘုရားကြီး မှာ ပြီးစီး လုနီးပါးရှိပြီး အတောင် ၆၀၀ ပြည့်ဘုရား ကြီး ကိုလည်း ဆက်လက် တည်ထားမည် ဖြစ်ကြောင်း သိရ သည်။ “ဆရာတော်ကြီးရဲ့ သား အရှင် သောဟုလာ ကဆက်ပြီးတော့ တာဝန်ယူ တည်ဆောက်မှာပါ၊ အရင်အစီအစဉ် အတိုင်းဘဲ ဆက်လက်ဆောက်လုပ်သွားမှာပါ ” ဟု ကိုတုန်းကပြောသည်။

ယင်းဘုရားကြီးများကို ၀င်းစိန်ဆရာတော်ဘုရားကြီး စာပန အခမ်းအနားပြီးမှသာ ဆက်လက်လုပ်သွားမည် ဖြစ်ပြီး လက်ရှိ ခန်းမှန်းကုန်ကျငွေတန်ဖိုးကို့် မတွက်ချက်ရသေးကြောင်း ၄င်းကပြောသည်။ “ ဆရာတော်
ဘုရားကြီးက တော့ အကုန်လုံးလှူ ချင်တဲ့သူလှူ ခွင့် ပေးထားပါတယ်၊ ဘယ်သူက လှူ ဘယ်သူက မလှူနဲ့ ဆိုပြီး မပြောပါဘူး၊ အဲ့လိုမျိုးတွေ ခွဲခြားထားတာလည်းမရှိပါဘူး” ဟု မြိုင်ကုန်ရွာသားတစ်ဦး က ပြောသည်။

ဝင်းစိန်ဆရာတော်ဘုရားကြီးမှာ ဧပြီလ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ဆေးရုံတွင် ပျံလွန်တော် မူခဲ့သည်။ 

ယခုလ ၁၆ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဆရာတော်ကြီးအား ဒေါက်တာဘွဲ့ ကို လာရောက် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည် ။

Popular Myanmar News Journal 

No comments:

Post a Comment

My Blog List