Thursday, May 14, 2015

ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ကျော် အမျိုးသားမှတ်ပုံတင်ကဒ်ရရန် RCSS စီစဉ်ပေးနေ


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ကျော်အတွက် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့သို့ခေါ်ယူကာ နိုင်ငံသား စိစစ်ရေးကဒ် (မှတ်ပုံတင်) လုပ်ပေးရန် RCSS မှ တာဝန်ယူ စီစဉ်ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်းသိရှိပါသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ဦးသိန်းစိန် အစိုးရတို့သဘော တူညီချက်အရ နိုင်ငံသားစိစစ်ရေးကဒ် မရှိသေးသည့် ထိုင်းနိုင် ငံရောက် သျှမ်းပြည်မှ ရွှေ့ ပြောင်း အလုပ်သမားများ ဟိုမိန်းမြို့သို့ ခေါ်ယူ၍ ပထမ အသုတ်အနေဖြင့် မေ ၁၈ ရက်မှဂျွန် ၁၈ ရက် အထိတလ ပြု လုပ်ပေး သွားမည်ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည်။

“ပြည်ထောင်စု မြန်မာနိုင်ငံသား ကဒ်မရှိသေးတဲ့ ထိုင်းရောက် သျှမ်းပြည် သားတွေ အတွက် မှတ်ပုံတင် လုပ်ပေးဖို့ အစိုးရကလည်းသဘောတူ ထားတယ်။ တာဝန်လာရောက် ထမ်းဆောင် မဲ့သူတွေ အတွက်လဲ ကျနော် တို့က စားရေး သောက်ရေး လုံခြုံရေး တွေ ယူပေးမယ်။ ကျနော်တို့ဆီ စာရင်းရောက် ထားတာ ကတော့ ၅၀၀၀ ကျော်လောက်ရှိတယ်။ ကျနော်တို့က ကြားနေ ဆောင်ရွက်ပေးတာပါ” ဟု RCSS ပြောခွင့်ရ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျမ တို့လည်းတာဝန်ရှိသူထံကိုဒီတကြိမ်ပြီးရင် နောက်တသုတ် ထပ် လုပ်ပေး နိုင်ဖို့ တောင်း ဆိုထား ပါ တယ်။ ရမယ် မရဘူးဆိုတာတော့ အဖြေပေးလို့မရသေးဘူး ။ ဒါပေမယ့် ထိုင်းနိုင်ငံ အတွင်းပိုင်းကနေ ဟိုမိန်းမြို့အထိ အသွားပြန် ခရီးစရိတ်ကတော့ တယောက်ဘတ် ငွေ ၃၀၀၀ ဘတ်ကုန်ကျမယ်။ ထိုင်းမှာ ခရီးသွားဖို့ ကဒ်ပြားတခုခုတော့ ရှိရမယ်။ ” ဟု ဘန်ကောက်ဘက် စာရင်းကောက်ယူရေးတာဝန်ခံ နန်းမိုင် က ပြောသည်။

သျှမ်းလူမျိုးများအဖွဲ့ အဓိပ္ပါယ်ရ ‘မ္ဒုှ္ပူုမ်း္ပ္ဂဝ်း္ဓိုဝ်းတဿး” ကို ၂၀၁၃ နှစ်လယ်ပိုင်းက စတင်ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က တည်းက မှတ်ပုံတင်မရှိသည့် ထိုင်းနိုင်ငံရောက် သျှမ်းလူများအတွက် စာရင်းစတင်ကောက်ယူလာခဲ့သည်။

၎င်းတို့ ကောက်ယူထားသည့် စာရင်းအရ ချင်းမိုင်ဘက်တွက် လူ ၃၀၀၀ ကျော် စာရင်းရထားပြီး တခြား မြို့နယ် အတွင်းတွင်လည်း လူဦးရေ ရာဂဏန်းမှ ထောင်ကဏန်းအထိ စာရင်းရရှိထားသည်ဟု ဆိုသည်။

ထိုစဉ်ကတည်းက ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ဝန်ကြီး စိုင်းအိုက်ပေါင်း ဦးဆောင်သည့် ကျားဖြူပါတီ တို့ ပူးပေါင်းကာ ဆောင်ရွက်ပေး မည်ဟု သတင်းထုတ်ပြန်ထားဖူးပါသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List