Thursday, May 14, 2015

ကိုယ်စားလှယ်တွေ ခွင့်မယူရေး သတ်မှတ်ချက် အမျိုးသားလွှတ်တော် အတည်ပြု


အမျိုးသားလွှတ်တော်မှာ အရေးကြီးတဲ့ အဆိုတွေ၊ ဥပဒေတွေကို ဆွေးနွေး အတည် ပြုတဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မပျက်မကွက် တက်ရောက် ကြဖို့ သတ်မှတ်ချက်ကို အမျိုးသားလွှတ်တော်ဆိုင် ရာ ဥပဒေမှာ ထည့်သွင်းအတည်ပြု လိုက်ပါတယ်။
လွှတ်တော်တက်ရောက်ဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်တွေများလာ တာကြောင့် ဥပဒေမှာထည့်သွင်း ပြ ဌာန်းလိုက်ရတာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးခင်မောင်ရီ က ပြော ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်မှန်ရင် မည်သူမဆိုခွင့်ယူ ပိုင်ခွင့်ရှိတယ်၊ ဒီအခွင့်အရေးကို အသိအမှတ်ပြုတယ်၊ ဒါပေမယ့် အရေးကြီးဆုံးဖြတ်ချက်တွေလုပ်ဖို့ရှိတယ်၊ အဲ့ခါမှာ မဲခွဲရတယ်၊ ဥပမာ ၇၅ ရာခိုင်နှုန်းပြည့်ရမယ့် ကိစ္စတွေ၊ အဲ့လောက်အရေးကြီးတဲ့မဲကျ တော့ ဆိုပါတော့ အဖွဲ့အစည်းတစ်ခုကညှိပြီးတော့ ဒို့မတက်ဘူး ကွာ လုပ်လိုက်ရင် မဲမပြည့်တော့ဘူး၊ မဲမပြည့်ရင်အတည်ပြုလို့ မရတော့ဘူး၊ အဲ့တော့အရေးကြီးဆုံးက ခွင့်မယူစေချင်တာက အထမြောက်တာ၊ မမြောက်တာက အရေးမကြီး ဘူး၊ အထတော့ မြောက်တယ်၊ မဲခွဲရတဲ့ကိစ္စတွေမှာ လွှတ်တော်နှစ်ရပ်ပေါင်းလိုက်တဲ့အခါမှာ ၇၅ ရာခိုင် နှုန်း မဲနဲ့ဆုံးဖြတ်ရမှာတွေရှိတယ်၊ အဲ့ဒါမျိုးမှာ ဒီလိုဘဲ နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မတက်ချင် ဘဲနေလိုက်ရင် လွှတ်တော်ကြီးက လုပ်ငန်းရပ်သွားလိမ့်မယ်၊ နိုင်ငံတော်တွက် အရေးကြီးတဲ့ကိစ္စ လုပ်လို့ မရတော့ဘူး"

အဲဒီဥပဒေမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ အတည်မပြုခင် အမျိုးသား လွှတ်တော် ဥက္ကဌက ကိုယ်စား လှယ်တွေထံ ၃ရက် ကြိုတင်အသိပေး အကြောင်းကြား မှာ ဖြစ်ကြောင်း ပါရှိပါတယ်။

အဲဒီဥပဒေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ တင်သွင်းခဲ့ တာဖြစ်ပြီး ဒီနေ့အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီအတည်ပြုချက်ကို ပြည်ထောင်စုလွှတ်တော်ထံ တင်ပြပြီး အတည်ပြုချက်ရယူဦးမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ခွင့်ယူတာနဲ့ပတ်သက် ပြီး သတိပေးပြောကြားမှုတွေ ရှိခဲ့ပေမယ့် ပြည်သူ့ လွှတ်တော်ဆိုင်ရာဥပဒေမှာ ထည့်သွင်းပြဌာန်း ထားခြင်းတော့ မရှိသေးပါဘူး။

RFA

No comments:

Post a Comment

My Blog List