Wednesday, May 13, 2015

၂၀၁၅ တွင် အနားယူမည့် ပင်စင်စား ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်ဦးမည်


၂၀၁၅ ခုနှစ်အကုန်တွင် တပ်မတော်မှပင်စင်ယူမည့် ဒုတိယဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်အချို့တို့ သည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များအဖြစ်  ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်နိုင်ဖွယ် ရှိသည်ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။
“ပါနိုင်တာပေါ့။ တချို့တော့ သူတို့ကိုယ်တိုင်လည်း ဆန္ဒပြုတယ်ဆို ပါလာနိုင်တာပေါ့။ အရေးကြီး တာကတော့ သူတို့ကိုယ်တိုင်းလည်း ဆန္ဒပြုဖို့လိုတယ်” ဟု ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

ဒုတိယဗိုလ်ချူပ်ကြီး ဝေလွင်တို့ကဲ့သို့ တပ်မတော်မှ ပင်စင်သက်တမ်းပြည့်မည့် ဗိုလ်ချုပ်များ ရွေးကောက် ပွဲတွင် ပါဝင်နိုင်မည်လားဟူသည့် မေးခွန်းကို မေ ၁၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး တွင် ဖြေဆိုခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ညီလာခံတစ်ရပ် ကျင်းပသွားရန် ညှိနှိုင်းလျက်ရှိပြီး ကျင်းပမည်ရက်ကို အတိအကျ ထုတ်ပြန်ပေးသွားမည်ဟု ဒုဥက္ကဋ္ဌက ဆက်ပြောသည်။

“ဆန္ဒပြုတဲ့သူတွေကတော့ အကုန်ပါမှာပေါ့။ ဦးအောင်မင်း၊ ဦးစိုးသိမ်းက ပါနိုင်တာပေါ့။ သူတို့လည်း အရင်တုန်းကတော့ ကိုယ်စားလှယ်ဟောင်းတွေ ပဲကို” ဟု ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

ရွေးကောက်ပွဲဝင်ရန် ဆန္ဒပြုလာသည့် ပါတီကိုယ်စားလှယ်များကို ဝင်ရောက်ယှဉ်ပြိုင်ရန် သင့်တော်ခြင်း မသင့်တော်ခြင်းကို သက်ဆိုင်ရာ တိုင်းတာဝန်ခံများနှင့် တိုင်းပါတီ ဥက္ကဋ္ဌများက ရွေးချယ်ပေးမှု အပေါ် နောက်ဆုံး ဗဟိုအလုပ်မှုဆောင် ကော်မတီက ဆုံးဖြတ်ရွေးချယ်ပေးသွားမည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List