Thursday, May 14, 2015

အစိုးရပိုင်နှင့် တပ်မတော်ပိုင် သတင်းစာများတွင် ရေးသားထားသော သတင်းများအပေါ် KNPP မှ ဗဟိုကော်မတီဝင်များ ရှင်းလင်း


နိုင်ငံတော်အစိုးရပိုင်နှင့် တပ်မတော်ပိုင် သတင်းစာများတွင် ရေးသားထားသော သတင်းများအပေါ် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP မှ ဗဟိုကော်မတီဝင်များက လွိုင်ကော်မြို့ ဆက်ဆံရေးရုံး၌ မေ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်တွင်းရှိ သတင်းသမားများနှင့် ငြိမ်းချမ်းရေးစောင့် ကြည့်လေ့လာရေး အဖွဲ့ဝင် များအား ခေါ်ယူတွေ့ဆုံ ရှင်းလင်းသည်ဟု သိရသည်။
မြ၀တီသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများနှင့် အင်တာနက် သတင်းများထဲတွင် KNPP အဖွဲ့၏ လုပ်ဆောင်ချက်များကြောင့် ငြိမ်းချမ်းရေးထိခိုက်စေမည့် အရေးအား ဒေသခံများမှ စိုးရိမ်လျက်ရှိဟု ခေါင်းစီး တပ် ရေးသားဖော်ပြချက်များသည် KNPP ၏ ပုံရိပ်အား ထိခိုက်စေနိုင်သောကြောင့် ယခုကဲ့သို့ ခေါ်ယူတွေ့ ဆုံ ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစာများတွင် KNPP အနေဖြင့် လက်နက်ကိုင်အင်အားပြ စည်းရုံးရေးဆောင်ရွက်မည့် ကိစ္စ အား ပြည်ထောင်စုအဆင့်မှ ခွင့်မပြုကြောင်း၊ ပြည်နယ်အစိုးရမှလည်း ခွင့်မပြုကြောင်း၊ တရားဝင်ခွင့်ပြု ချက်မရဘဲ သွားလာခြင်းဖြစ်ကြောင်းများ ရေးသားထားရာ ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင် ၂၀၀ အား ပြည်နယ်အတွင်း ကွင်းဆင်းသွားလာရာတွင် စစ်ဝတ်တန်ဆာနှင့် လက်နက်အပြည့်အစုံဖြင့် သွားလာမည်ဖြစ်ကြောင်း၊ စစ်ကြောင်းကာလအတွင်း ခေတ္တနားခိုမည့် ကျေးရွာများအား ဧပြီ ၂၈ ရက်တွင် အကြောင်းကြား တင်ပြထားကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအားလည်း အကြောင်းကြား ပြော
ဆိုထားခဲ့သောကြောင့် ထိုရေးသားမှုသည် မှားယွင်းကြောင်း ရှင်းလင်းပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့ အထဲမှာ အချက်သုံးချက် ရှိပါတယ်။ ဖွံ့ဖြိုးရေး ၊ နိုင်ငံရေးအခန်းကဏ္ဍနဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခမဖြစ်ဖို့ ပါ,ပါတယ်။ ဒီသဘောတူချက်ကို တည်ဆောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေတာပါ။

သတင်းစာ လက်နက်ကိုင်အဖွဲ့တွေနဲ့ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သူတို့ဘက် ကအကြောင်းပြတာ ဖြစ် ပါတယ်။ ကျွန်တော်တို့ လူထုအစည်းအဝေးတွေမှာ အတူတွဲအလုပ်လုပ်ကြဖို့ ပြော ဆိုခဲ့ဖူးပါတယ်” ဟု ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့်က သတင်းစာများတွင်ပါသော အချက်များအား ပြန်လည် ရှင်းလင်း တင်ပြသည်။

ထို့ပြင် သတင်းများထဲတွင် သံလွင်မြစ် အနောက်ဘက်၌ အခြေချနေထိုင်လျက် ရှိကြောင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ အခြေချနေထိုင်ခြင်း မဟုတ်ဘဲ နယ်လှည့်သွားလာနေခြင်းသာဖြစ်ကြောင်း၊ သတ်မှတ် ထားသော နေရာမှအပ အခြားဒေသများသို့ သွားလာခြင်းမပြုရန် သဘောတူညီချက်များနှင့် ငြိစွန်းလျက် ရှိသည့်အတွက် ဆက်လက်သွားလာ လှုပ်ရှားခြင်းမပြုရန် ရေးသားဖော်ပြထားရာမှာလည်း မှား ယွင်းနေကြောင်း ပြန်လည်ရှင်းလင်းပြောဆိုကြသည်။

“အစိုးရနဲ့ ကျွန်တော်တို့ကြားထဲမှာ သတ်မှတ်ထားတဲ့နယ်မြေဆိုတာ မရှိပါဘူး။ ကရင်နီရဲဘော်တွေဟာ ဒီမြေမှာကြီး၊ ဒီမြေမှာ မွေးလာတဲ့သူတွေပါ။ ဒီပြည်နယ်ဟာ သူတို့ပြည်နယ်ပါပဲ။ ကရင်နီရဲဘော်နဲ့ ပြည်
သူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ကွင်းဆင်းတွေ့ဆုံခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ရေးသားဖော်ပြ ချက်တွေဟာ မှားပါတယ်” ဟု ဦးရွှေမျိုးသန့်က ဆက်လက်ရှင်းပြသည်။

သတင်းမီဒီယာများ ငြိမ်းချမ်းရေးစောင့်ကြည့် အဖွဲ့ဝင်များအား တွေ့ဆုံရှင်းလင်းရာတွင် KNPP ဒုဥက္ကဋ္ဌ ခူးဦးရယ်၊ ဗဟိုကော်မတီဝင်များဖြစ်သော ဗိုလ်မှူးဘုန်းနိုင်နှင့် ဦးရွှေမျိုးသန့်တို့က တာဝန်ယူ တွေ့ဆုံရှင်း
လင်းခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ နယ်လှည့်ကွင်းဆင်းရာတွင် KNPP မှ စစ်ရေးရည်ရွယ်ချက် လုံးဝမရှိဘဲ လူထုဘ၀အား ကရင်နီ တပ်မတော်အနေဖြင့် ပကတိတွေ့မြင်စေရန်၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ကာလတစ်လျှောက် လူထု၏ အခန်းကဏ္ဍ မည်ကဲ့သို့ အရေးပါခဲ့ကြောင်းကို ရှင်းပြရန်၊ ပြည်သူများအား ကျောသားရင်သား မခွဲခြားဘဲ အတူ တကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် နယ်လှည့်ခြင်းဖြစ်ကြောင်း သိရသည်။


Eleven Media Group


No comments:

Post a Comment

My Blog List