တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)ထိပ်သီး
အစည်းအ ဝေးကို ကရင် အမျိုးသားအစည်း အရုံး(KNU)ထိန်းချုပ်နယ်မြေ၌
ဇွန်လဆန်းတွင် ပြုလုပ်နိုင်ခြေများ ကြောင်း ယင်းအ ဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။
‘‘လော်ခီးလာမှာ ဖြစ်မလား၊ မိုင်းလားမှာ ဖြစ်မလားတော့ မ ပြောတတ်သေးဘူး။ လော်ခီးလာမှာဖြစ်ဖို့တော့ ရာနှုန်းများတယ်’’ ဟု NCCT ခေါင်းဆောင် က ဆိုသည်။
မေလ ၆ ရက်က ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP)ထိန်းချုပ်နယ်မြေ ပန် ဆန်းမြို့တွင် ပြုလုပ် ခဲ့သော ထိပ်သီးအစည်းအဝေးသို့ NCCT အဖွဲ့ဝင်(၁၆)ဖွဲ့အနက် ကိုးဖွဲ့သာ ဖိတ်ကြားခြင်းခံခဲ့ရသည်။
ယင်း အတွက်ကြောင့် NCCT အဖွဲ့ဝင် အားလုံးပါဝင်သော ထိပ်သီးအ စည်းအဝေးကို သီးသန့် ပြုလုပ် ရခြင်းဖြစ်ကြောင်း NCCT ကိုယ်စားလှယ်များက ပြောကြားသည်။
လာမည့် NCCT ထိပ်သီးအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်စာချုပ် (NCA)မူကြမ်းနှင့် အ ဖွဲ့ဝင်သုံးဖွဲ့ နုတ်ထွက်မည့်ကိစ္စ ရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
NCCT အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များထိပ် သီးအစည်းအဝေးကို ကေအိုင်အို ထိန်းချုပ် နယ်မြေ လိုင်ဇာတွင် နှစ် ကြိမ်၊ KNU ဗဟိုဌာနချုပ်တည်ရှိ ရာ လော်ခီးလာတွင် တစ်ကြိမ် ပြု လုပ်ခဲ့ဖူးသည်။
7Day Daily

No comments:
Post a Comment