Friday, May 15, 2015

အင်းတကော်မြို့တွင် လာရောက်စွန့်ပစ်သွားသည့် လူသေ ၂ လောင်းသည် ဂျပန်တွင် အလုပ်ရမည်ဆိုကာ သိန်း ၇၀၀ နီးပါး လိမ်လည်မှုနှင့် ပတ်သက်ဟု ရဲက ယူဆ


ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် မြို့နယ်တွင် လာရောက်စွန့်ပစ်သွားသည့်လူသေအလောင်း နှစ်လောင်းနှ င့် ဆက်စပ်သည့် တရားခံဟု ယူဆသူ ၄ ဦးကို ဖမ်းဆီးရမိထားကာ တစ်ဦးသာကျန်ရှိတော့ကြောင်း ပဲခူး တိုင်းဒေ သကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ လူသတ်မှုတွင် ပါဝင်သူ ၅ ဦး ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်း ထားပြီး ကားမောင်းသူ ၂ ဦးနှင့် လူသတ်တရားခံဟု ယူဆရသူ ၃ ဦး ပါရှိနိုင်သည် ဟု ရဲတပ်ဖွဲ့ကယူဆကာ လိုက်လံဖမ်း ဆီးနေခြင်း ဖြစ်သည်။
သေဆုံးသူ ၂ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နေ ဦးညွန့်ဝေနှင့်ဦးညွန့်ဆွေတို့ဖြစ် ပြီး ကျော်ကျော်နိုင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီမှ အကျိုးဆောင်များ ဖြစ်ကြောင်း၊ ကျော်ကျော်နိုင် ကုမ္ပဏီပိုင်ရှင်မှာ ဂျပန်တွင် အလုပ်အကိုင်ရမည်ဟုဆိုကာ ဦးညွန့်ဝေနှင့် ဦးညွန့်ဆွေတို့ ရှာဖွေထားသော လူ ၆ ဦးထံမှ ငွေကျပ်သိန်း ၆၉၀ ကို လိမ်လည်သွား သောကြောင့် အကျိုးဆောင် ၂ ဦးကို သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကယူဆထားသည်။“

လူသတ်မှုဖြစ်စဉ်ကို လက်ခံခဲ့တဲ့ အိမ်ရှင်ကို ဖမ်းဖို့ပဲ ကျန်တော့တယ်။ သူ့ကိုလည်း လူသတ် တရားခံလို့ သံသယရှိတယ်။ ကားသမား ၂ ယောက် ကိုတော့ မေလ ၁၃ ရက်နေ့က ဖမ်း ဆီးရရှိခဲ့ပြီ။ လူသတ်မှုမှာပါ သူ တစ်ဦးကတော့ ကိုယ်တိုင် မေလ ၁၄ ရက် နေ့မှာ လာအဖမ်းခံတယ်” ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကြီးဝင်းစိန်က ပြောသည်။

လက်ရှိအချိန်တွင် လာရောက် ဖမ်းဆီးခံသည့် တရားခံဖြစ်သူအား စစ်ဆေးရန်ပြင်ဆင်နေပြီး မေလ ၁၅ ရက်နေ့တွင် လူသတ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် ထုတ်ပြန်သွားမည်ဖြစ်သည်။

သေဆုံးသူဦးညွန့်ဝေမှာ အသက် ၅၂ နှစ်ပြီး ဦးညွန့်ဆွေမှာ အသက် ၅၅ နှစ်ဖြစ်ကာ ၎င်းတို့၏ ရုပ် အလောင်းများအား မေလ ၆ ရက်နေ့ ညနေပိုင်းတွင် မိသားစုများက သင်္ဂြိုဟ်ခဲ့ ပြီးဖြစ်သည်ဟု သိရသည်။ အသတ်ခံရသူနှစ်ဦး၏ အမှုအား ရဲအုပ်ကျော်တင့်ဦးက တရားလိုပြု လုပ် အမှုဖွင့်တိုင်ကြားထားပြီး ပထမသတင်းပေးတိုင်ကြားချက် (ပ) ၅၈/ ၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၂၀၁ ဖြင့် တရားစွဲဆို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။


The Ladies News Journal

No comments:

Post a Comment

My Blog List