ရေငုပ်သင်္ဘောအခြေစိုက် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု အောင်မြင်သည်ဟုမြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန်လိုက်သဖြင့် ရန်သူတိုက်ခိုက်မှုကိုရှောင်ရှားပြီး လက်စားချေ တုံ့ပြန်နိုင်သည့် စွမ်းရည် ပိုင်ဆိုင် လာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြည့်ရှုခဲ့ပြီး အဆိုပါလက်နက် မှာ ကမ္ဘာ့အဆင့် မဟာဗျူဟာလက်နက်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားသွားသည်။
အဆိုပါ စမ်းသပ်မှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ယင်းလုပ်ဆောင် ချက်သည် ကုလသမဂ္ဂ ပိတ်ပင်ချက်ကို ချိုးဖောက်လိုက်ခြင်း ဖြစ်ပြီး မြောက်ကိုရီးယား ဒုံးကျည်တပ်ဖွဲ့ စွမ်းရည်ကို သိသိသာသာ တိုးမြှင့်ခြင်းဖြစ်သည်။
ရေငုပ်သင်္ဘောအခြေစိုက် ဒုံးကျည်နည်းပညာ ပိုင်ဆိုင်လာပါက ကိုရီးယား ကျွန်းဆွယ်တွင်း ဒေသတွင် သာမက အခြားသောဒေသများသို့ပါ အဆိုပါ လက်နက်များ တပ်ဖြန့်နိုင်မည် ဖြစ်ခြင်းကြောင့် မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှု အန္တရာယ် ပိုမိုတိုးပွားလာမည် ဖြစ်သည်။
ယခုနှစ် အစောပိုင်းတွင် ရိုက်ယူထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ မြောက် ကိုရီးယား ရေငုပ်သင်္ဘော သစ်တစ်စင်းတွင် မျှော်စင်နှင့်တူသည့် ပုံစံတစ်ခု ပါဝင်နေသည်ကို တွေ့ရှိရပြီး ယင်းမှာ ဒုံးကျည်တစ်စင်း သို့မဟုတ် နှစ်စင်း ခန့်ကို လွှတ်တင်နိုင်မည့် ပြွန်ချောင်းဖြစ်မည်ဟု အမေရိကန် လေ့လာသုံးသပ် သူများက မှတ်ချက်ပြုထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အမိန့်အရ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း စမ်းသပ်မှုအတွင်း ရေနက် ပိုင်း၌ ငုပ်ရှိုးနေသည့် ရေငုပ်သင်္ဘောတစ်စင်းမှ ဒုံးကျည် တစ်စင်းကို ပစ်လွှတ် ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။
တာဝေးပစ်ဒုံးကျည် အစီအစဉ်များကို မြောက်ကိုရီးယားက လက်တွေ့ အကောင်အထည်ဖော်လျက် ရှိသော်လည်း ထိရောက်သည့် လက်နက်စနစ်တစ်ခု ဖြစ်လာရန် ဒုံးကျည်ထိပ်ဖူး နည်းပညာများ ဆက်လက် စမ်းသပ်ရမည် ဖြစ်သလို နျူကလီးယား လက်နက်ကိုလည်း ဒုံးကျည်တွင်းထည့်သွင်း သယ်ယူ သွားနိုင်လောက်သည့် ပမာဏအထိ ချုံ့ပစ်ရန်လိုအပ်နေသေးကြောင်း လေ့လာသုံးသပ်သူများက ပြောကြား သည်။
The Voice Weekly

No comments:
Post a Comment