Thursday, May 14, 2015

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ခြောက်ဦးကို မေလ ၁၅ ရက်တွင် အမိန့်ချမည်


လက်ပံတောင်းတောင်တွင် သေနတ်ထိမှန် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက်အမှုမှန် ဖော်ထုတ်ပေးရေးနှင့် လက်ပံ တောင်းတောင်စီမံကိန်း ရပ်ဆိုင်း ရေးအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုသောကြောင့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထား ရသူ ခြောက်ဦးကို ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေါ်ခင်ဝင်းသေနတ်ထိမှန် သေဆုံးခြင်းကြောင့် အမှုမှန်ဖော် ထုတ်ပေးရေးနှင့် လက်ပံတောင်း တောင်စီမံ ကိန်းရပ်ဆိုင်းရေးတို့အတွက် ဦးနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေ၊ ဒေါ်နော်အုံးလှ ၊ ဒေါ်လေးလေးနှင့်ဒေါ်စိန်ထွေး တို့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ဆန္ဒပြပွဲ ဦးဆောင် သူ ခြောက်ဦးကို ဒဂုံမြို့နယ်ရဲတပ် ဖွဲ့က ပုဒ်မ ၁၈(ငြိမ်းစုစီ)၊ ဆူပူလှုံ့ ဆော်မှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခဲ့ပြီး မေလ ၁၅ ရက်တွင် အပြီးသတ် အမိန့်ချ မည်ဖြစ်သည်။


‘‘ဒေါ်ခင်ဝင်းသေနတ်ထိမှန် တာကို အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတာပါ။ ဒါကလည်း အမှန် တကယ်ဖြစ်ခဲ့ တာပဲလေ။ အဲဒါကို တရုတ်သံရုံးရှေ့မှာ ဆန္ဒပြလို့ ပုဒ်မ လေးခုနဲ့ တရားစွဲထားတာပါ။ မေလ ၁၅ ရက်နေ့မှာ အမိန့်ချမှာပါ’’ ဟု တရားစွဲဆိုခံရသူ ခြောက်ဦးဘက်မှ လိုက်လံဆောင် ရွက်ပေးနေသော တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။


တရားစွဲဆို ခံထားရသည့် ခြောက်ဦးအနက် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုံးလှတို့မှာ ကျန်းမာရေး ပြဿနာ များဖြစ်ပေါ်နေကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။


‘‘ဦးနေမျိုးဇင်က ခါးနာတဲ့ ရောဂါဖြစ်နေတာ ကြာပြီ။ ဒေါ် နော်အုံးလှကလည်း လည်ပင်း ကျီးပေါင်းတက်တာ နဲ့ ခါးနာနေ ကြတာပါ။ သူတို့အတွက် ဆေးဝါးကုသတာလည်း လွတ်လွတ်လပ်လပ်လုပ်ဆောင် မရတော့ ရောဂါက ပိုဆိုးနေတာပေါ့’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။


၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင်နယ်မြေ အတွင်း တစ်ကျော့ပြန် ဖြစ်ပွား သည့် အဓိက ရုဏ်းတွင် မြေယာ လျော်ကြေးရယူခြင်း မရှိသော လယ်ယာမြေပေါ်၌ ခြံစည်းရိုးခတ်ခြင်းကို ရွာသားများ တားဆီးရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန်သည်ဒေါ်ခင်ဝင်း၏ဦးခေါင်းကို ထိမှန်ကာ သေဆုံးခဲ့သည်။


7Day Daily

No comments:

Post a Comment

My Blog List