Tuesday, May 12, 2015

မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းရဲများ၏ မတရားလုပ်ရပ်များ ထိုင်းထိပ်တန်းသတင်းဌာနများဖြစ်သည့် Channel 3 နှင့် Channel 8 တို့ ဖော်ထုတ်


ထိုင်းရဲများ၏ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပေါ် မတရားလုပ်ရပ် များအား အုပ် ချုပ်သူများသိစေရန် ထိုင်းနိုင်ငံ၏ ထိပ်တန်းရုပ်သံလိုင်းသတင်းဌာနများ ဖြစ်သည့် Channel 3 နှင့် Channel 8 တို့မှ ဖော်ထုတ် ရိုက်ကူး ခဲ့ကြောင်း သိရသည်။
ပတ်စ်ပို့၊ Work Permit ၊ အစ ရှိသည့် အထောက်အထားပြည့်စုံစွာ ရှိသည့် မြန်မာလုပ်သားများအား ထိုင်းရဲများမှ အကြောင်းမဲ့အပြစ်ရှာ ကာ ဖမ်းဆီးနေခြင်းများ၊ မြန်မာလုပ် သားများနေထိုင်သော အခန်းများ အတွင်းသို့ ဖမ်းဝရမ်းမပါရှိဘဲ အ တင်းအဓမ္မဝင်ရောက် မွှေနှောက်ရှာ ဖွေခြင်းများ၊ စာအုပ်တွင် ဖုန်းနံပါတ် များရေးမှတ်ထားသည်ကို ချဲနံပါတ် ဟုစွပ်စွဲဖမ်းဆီးမှုများ၊ အကြောင်းမဲ့ လမ်းဘေးတွင်ဆီးစစ်ခြင်းများ စသည့် အနိုင်ကျင့်သည့် လုပ်ရပ်များကို အုပ်ချုပ်သူများသိရှိစေရန်အတွက် ထိုင်းနိုင်ငံ ထိပ်တန်းသတင်းဌာန များမှ ဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းဌာနများသည် မဟာချိုင်နယ်မြေတွင် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ ကို မေးမြန်းခြင်း၊ ဖမ်းဆီးခံထိပုံများရိုက် ကူးခြင်း စသည့်အလုပ်သမားများ၏အဓိကအခက်အခဲပြဿနာများကို
လာရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ယင်းနောက်ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (MAT ) ၏ မဟာ ချိုင်ရုံးခွဲတွင်ကယ်တင်ထားသည့် မြန်မာနိုင်ငံသားဒုက္ခသည်တို့ကိုလည်း လေ့လာရိုက်ကူးခဲ့ကြောင်း သိရ သည်။

MAT မှ အတွင်းရေးမှူးကိုခိုင် ကြီးက ''MAT က ကယ်တင်ထားတဲ့ ၂၈ ဦးကို လေ့လာ၍ အဲဒီအထဲက အလုပ်သမား ခြောက်ယောက်ကို အင်တာဗျူးပြီးအခက်အခဲဖြစ်တာ တွေ၊ ဒုက္ခရောက်တာတွေကိုမေးမြန်း ခဲ့ပါတယ်''ဟု ပြောသည်။

ထို့ပြင် အလုပ်သမားများ၏အခက်အခဲပြဿနာများနှင့် ပတ် သက်၍ သေချာမေးမြန်းမှု များပြုလုပ် ခဲ့သည့်အပြင် ၄င်းကိုလည်း အလုပ် သမားပြဿနာ ကူညီဖြေ ရှင်းပေး ခြင်းများနှင့်ပတ်သက်၍ အင်တာဗျူး လုပ်ခဲ့ကြောင်းနှင့် ၄င်းအင်တာဗျူး များကို မည်သည့်နေ့တွင်ပြသမည် ဆိုခြင်းကိုမူ သေချာမပြောနိုင်ကြောင်း လည်း ကိုခိုင်ကြီး က ဆိုထားသည်။

MAT အဖွဲ့မှ ကိုစောမောင် က ''ထိုင်းရဲတွေက မြန်မာနိုင်ငံသား တွေကို အကြောင်းအမျိုးမျိုးပြပြီး အထောက်အထားရှိလဲ ငွေညှစ်နေ တာက နေ့စဉ်ဖြစ်နေ တယ်။ ဥပမာ- ဘန်ကောက်ကနေ မဟာချိုင်လာ လည်တဲ့ အလုပ်သမားတွေကို Work Permit မပါလို့ ဖမ်းတာတို့ပေါ့။ အမှန် ရဲနဲ့ Work Permit က ဘာမှမဆိုင်ဘူး၊ လုပ်ငန်းခွင်ထဲမှာပဲ စစ်ရမယ့်ကိစ္စပါ။ ဒါပေမဲ့ Work Permit မပါလို့ ဘတ် ၁ဝဝဝ တောင်း တယ်ဆိုရင် အလုပ်သမားက ၁ဝဝဝ ပြည့်အောင်မပါရင် မူးယစ်ဆေးသုံး တယ်။ ဆီးစစ်ရမယ်ဆိုပြီး ရဲရုံးကို ခေါ်သွား ခြိမ်းခြောက် ငွေညှစ်တာ တွေရှိတယ်''ဟု မြန်မာနိုင်ငံသား များ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေ ရ သည်များကို ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်က မဟာချိုင်ဈေးကြီးထဲတွင် သင်တန်း တက် ရန် မြန်မာအလုပ်သမားလေး တစ်ဦးမှ ဗလာစာအုပ် ဝယ်ယူလာသည်ကို ရဲများက ဖမ်းခေါ်သွားကာ ဗလာစာအုပ်ထဲတွင် ရဲများမှ ချဲ ဂဏန်းများရေး ၍ ခွင်ဆင်ကာ ထိုင်း ငွေ ဘတ်နှစ်သောင်းတောင်းကြောင်း၊ ထိုနည်းတူ တရားဝင်အထောက် အထားများ အားလုံးရှိသော်လည်း ဖမ်းဆီးငွေညှစ်မှုများသည် နေ့စဉ်နှင့် အမျှ မရေမတွက်နိုင်အောင် ရှိနေ ကြောင်း ကိုစောမောင်က ထပ်မံ ဆိုသည်။

''ကျွန်မတို့အလုပ်လုပ်တဲ့ မဟာ ချိုင်မှာတောင် အဲဒီလိုဖြစ်ရပ်က နေ့ စဉ်နဲ့အမျှရှိနေပြီး ကျွန်မတို့ကိုယ် တိုင် တောင် မကြာခဏခံနေရတယ်။ တ ခြားနေရာတွေမှာဆိုရင်လဲ ဒီအတိုင်း ပဲရှိနေတယ်။ တရားဝင် အထောက် အထားရှိတယ်။ ဒါပေမဲ့ ထိုင်းမှာရှိတဲ့ မြန်မာသံရုံးက တရားဝင်လာပြီး အ ထောက်အထား ရှိတဲ့လူတွေတောင် မကာကွယ်ပေးနိုင်ဘူး။ အဲဒီတော့ ထိုင်းဘက်က အနိုင်ကျင့်တာခံကြရ တာပေါ့''ဟု မဟာချိုင်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသူ မစန်းစန်းတင့်က ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား လေးသန်းနီးပါးခန့်ရှိပြီး တစ် သန်းကျော်သည်တရားဝင်လုပ်ကိုင် နေသည့် လုပ်သားများဖြစ်၍ ယင်း လုပ်သားများ ကိုပင် မြန်မာအစိုးရ အနေဖြင့် ထိရောက်သည့်ကာကွယ်မှု မပေးနိုင်ကြောင်း ရွှေ့ပြောင်း အ လုပ်သမားအရေးကူညီဆောင်ရွက် သူများက ထောက်ပြပြောဆိုကြ သည်။

news hunter(KT)
Yangon Media Group

No comments:

Post a Comment

My Blog List