Friday, May 15, 2015

Miss Progress International 2015 ပြိုင်ပွဲ အွန်လိုင်း မဲပေးမှု မြန်မာနိုင်ငံ ပထမနေရာမှ တတိယနေရာရောက်


အီတလီ နိုင်ငံ Puglia မြို့တွင် ကျင်းပမည့် Miss Progress International 2015 ပြိုင်ပွဲအတွက် အွန်လိုင်း
မဲပေးမှုကို မေလ ၁၆ ရက် နောက်ဆုံးထား သတ်မှတ်ထားပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ တတိယ နေရာ၌ တည်ရှိနေသည်။
Thinzar-sပြိုင်ပွဲအတွက် အွန်လိုင်းမဲပေးရာတွင် မြန်မာနိုင်ငံက ပထမနေရာတွင် မေလ ၁၁ ရက် မတိုင်မီ အထိ ရပ်တည်နေရာမှ ထိုရက်နောက်ပိုင်းတွင် ဘရာဇီး အလှမယ် DAIANEက မဲအရေအတွက် တက်လာ ကာ လက်ရှိတွင် ပထမနေရာတွင် ရပ်တည်နေသည်။

ထိုပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အလှမယ် သဉ္ဇာကျော် မှ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။

အလှမယ် သဉ္ဇာကျော်သည် Miss Progress International Organization က မေလ ၉ရက်တွင် ပြု လုပ်သည့် နီပေါနိုင်ငံ Charity အတွက် လေလံပွဲတွင် ရွှေချည်ထိုး ပန်းချီကားရောင်းချရန် စီစဉ်ခဲ့သော် လည်း လေယာဉ်နောက်ကျသည့်အပြင် အဝတ်အစားအိတ်များ အချိန်မှီမရသည့်အတွက် ပန်းချီကားကို မရောင်းချနိုင်ခဲ့ဘဲနှစ်သစ်မင်္ဂလာ မြန်မာ သင်္ကြန်သီချင်း DVD ချပ်ကိုသာ လေလံတင်ခဲ့ရာ  Euro 50 သာ ရရှိခဲ့သည်။

အီတလီနိုင်ငံတွင် ကျင်းပမည့် Miss Progress International 2015 Final ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ် စားပြု အလှမယ် သဉ္ဇာကျော် အပါအဝင် နိုင်ငံ‌ပေါင်း ၂၁ နိုင်ငံ ဝင်‌ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ လက်ရှိတွင် အလှမယ် သဉ္ဇာကျော်သည် ပြိုင်ပွဲနှင့် ပတ်သက်သည့် Activityများကို လုပ်ဆောင်လျက် ရှိသည်။

Miss Progress International 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Miss Internet Award အတွက် အွန်လိုင်း မဲပေးရာတွင် ဘရာဇီး အလှမယ် DAIANEက မဲအရေအတွက် ၂၈၉၇ မဲဖြင့် ပထမနေရာတွင် ရပ်တည်နေ ပြီး Greece အလှမယ် Christianaက မဲအရေအတွက် ၂၇၄၇ မဲဖြင့် ဒုတိယ နေရာတွင် ရှိကာ မြန်မာနိုင်ငံမှ အလှမယ် သဉ္ဇာကျော်က မဲအရေအတွက် ၂၆၄၅ မဲဖြင့် တတိယနေရာတွင် တည်ရှိနေသည်။

အလှမယ် သဉ္ဓာကျော် သည် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်တွင် Journalism ဘာသာရပ် တတိယနှစ် ကျောင်းသူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ယုံလိုက်တော့ တေးစီးရီး Audio Album ထွက်ရှိထား သည်။ Miss Progress International 2015 ပြိုင်ပွဲ အတွက် Talent ပိုင်းကို အဆိုပိုင်း နှင့် မြန်မာအက ၊ ဆီမီးခွက် အက တို့ဖြင့် ပြသသွားမည် ဖြစ်သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List