Tuesday, May 12, 2015

ဖမ်းဆီခံကျောင်းသားများအား သာယာဝတီခရိုင်တရားရုံးတွင် ရုံးထုတ်












လက်ပံတန်းမြို့တွင် မတ်လအတွင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြခဲ့ မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားကျောင်းသူများနှင့် ၀န်းရံပြည်သူများအား မေလ ၁၂ ရက် (ယနေ့) နံနက်ပိုင်က သာယာဝတီခရိုင် တရားရုံးတွင် ဒုတိယအကြိမ်ရုံထုတ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီခံကျောင်းသား/သူနှင့် ၀န်ရံပြည်သူများကို လက်ပံတန်းမြို့နယ် တရားရုံးတွင် ငါးကြိမ်အထိ ရုံးထုတ် ခဲ့ပြီးနောက် သာယာဝတီခရိုင် တရားရုံးသို့ ရုံးပြောင်းစစ်ဆေးရန် အမိန့်ချမှတ်ခဲ့ပြီး ယခု ရုံထုတ်မှုသည် သာယာဝတီခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

သာယာဝတီထောင်၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ကျောင်းသားများ အပါအ၀င် ၀န်းရံပြည်သူများအား ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List