လွှတ်တော်တွေက ဥပဒေကြမ်းတွေ ရေးဆွဲနေချိန်မှာ ပြည်ထောင်စုအစိုးရက အလားတူ
ဥပဒေတွေရေး ဆွဲပြီး လွှတ်တော်ထံ တင်ပြတာဟာ လွှတ်တော်နဲ့ အစိုး ရ
နှစ်ဖက်စလုံးအတွက် အကျိုးမရှိကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက
ဒီနေ့ ပြောကြား လိုက်ပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး က
လွှတ်တော်ထံပေးပို့မယ့် ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးမြန်း အပြီးမှာ လွှတ်တော် ဥက္ကဌ
သူရဦးရွှေမန်းက အခုလိုပြောကြား ခဲ့တာ ဖြစ်ပါတယ်။
"လိုအပ်တာကဘာလည်းဆိုတော့ အစထဲကမြန်မြန် လုပ်ပေးဖို့ကိစ္စကိုနှောင့်နှေးတဲ့အတွက် လွှတ်တော် ကလုပ်တော့မှဘဲ နောက်ကနေ ကမန်းကတန်း လိုက်ပြီးတင်လာ တဲ့ကိစ္စဟာ နှစ်ဖက်လုံးအတွက် အကျိုး မရှိနိုင်ဘူးဆိုတာကို ပြောတာပါ"
လွှတ်တော်ကရေးဆွဲပြီးနောက်မှာ
ပြည်ထောင်စုအစိုးရက ထပ်မံရေးဆွဲတင်ပြပြီး တူနေတဲ့ ဥပဒေတွေဟာ လျှပ်စစ်ဥပဒေ၊
လယ်ယာမြေဥပဒေနဲ့ အမျိုးသား ပညာရေး ဥပဒေတို့ ဖြစ်တယ်လို့ သိရပါတယ်။
လွှတ်တော်နဲ့ အစိုးရအဖွဲ့က ရေးဆွဲတဲ့ ဥပဒေကြမ်းတွေမှာ အကြောင်းအရာနဲ့ အနှစ်သာရတူတဲ့ ဥပဒေ ကြမ်းတွေ ဆိုရင် လွှတ်တော်က လက်ခံဆွေးနွေးတဲ့ ဥပဒေကြမ်းပေါ်မှာသာ မူတည်ဆွေးနွေးရမှာဖြစ် တယ်လို့ ဒုတိယရှေ့နေ ချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။
"လွှတ်တော်မှာဆွေးနွေးနေတြဲ့ ကားက
ဝန်ကြီးဌာနများက တစ်ခါထပ်ပြီး ဥပဒေ အသစ်တင်လာတဲ့ ကိစ္စ ကတော့
အကြောင်းအရာတူတယ်ဆိုရင် လွှတ်တော်က လက်ခံစဉ်းစားတဲ့ ဥပဒေတစ်ခုအပေါ်မှာဘဲ
လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဆွေးနွေးရမယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်၊ ဥပဒေနှစ်ခုမတင်ရဘူး လို့ ပြဌာန်းချက် မရှိသော်လည်းဘဲ ဒါလွှတ်တော်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပြီးေ တာ့
အကြောင်းအရာတူ၊ ခေါင်းစဉ် တူ၊ အမည်တူ၊ အနှစ်သာရတူတဲ့ ကိစ္စတွေမှာတော့
လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေအပေါ်မှာ ထပ်မံပြီးတော့ လိုအပ်တဲ့အချက်များကို
ပြင်ဆင်ဖြည့်စွက်ထားခြင်းကတော့ နှစ်ခုဆွေးနွေးရန် မလိုဘူးလို့ ကျနော့်အနေနဲ့ ပြော ချင်ပါတယ်"
အစိုးရ၀န်ကြီးဌာနတွေက ဥပဒေပြဌာန်းဖို့ ပြင်ဆင်နေတဲ့ ဥပဒေပေါင်း ၁၃၇ ခုရှိပြီး စိစစ်ဆဲ ဥပဒေကြမ်း ၂၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
RFA
ပြည်ထောင်စုရှေ့နေချုပ်ရုံး
"လိုအပ်တာကဘာလည်းဆိုတော့ အစထဲကမြန်မြန် လုပ်ပေးဖို့ကိစ္စကိုနှောင့်နှေးတဲ့အတွက် လွှတ်တော် ကလုပ်တော့မှဘဲ နောက်ကနေ ကမန်းကတန်း လိုက်ပြီးတင်လာ တဲ့ကိစ္စဟာ နှစ်ဖက်လုံးအတွက် အကျိုး မရှိနိုင်ဘူးဆိုတာကို ပြောတာပါ"
လွှတ်တော်ကရေးဆွဲပြီးနောက်မှ
လွှတ်တော်နဲ့ အစိုးရအဖွဲ့က ရေးဆွဲတဲ့ ဥပဒေကြမ်းတွေမှာ အကြောင်းအရာနဲ့ အနှစ်သာရတူတဲ့ ဥပဒေ ကြမ်းတွေ ဆိုရင် လွှတ်တော်က လက်ခံဆွေးနွေးတဲ့ ဥပဒေကြမ်းပေါ်မှာသာ မူတည်ဆွေးနွေးရမှာဖြစ် တယ်လိ
"လွှတ်တော်မှာဆွေးနွေးနေတြဲ့
အစိုးရ၀န်ကြီးဌာနတွေက ဥပဒေပြဌာန်းဖို့ ပြင်ဆင်နေတဲ့ ဥပဒေပေါင်း ၁၃၇ ခုရှိပြီး စိစစ်ဆဲ ဥပဒေကြမ်း ၂၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
RFA
No comments:
Post a Comment