Central African Republic နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေက သူတို့ ဖမ်းဆီးထားတဲ့ ကလေးငယ် အယောက်ပေါင်း ၃၅၀ ကို လွတ်ပေးလိုက် ပါတယ်။ ကုလသမဂ္ဂကနေ ကြားဝင်ဖြေရှင်းပြီး အပေးအယူ လုပ်ရာက လွတ်ပေးခဲ့တာပါ။ အဲဒီနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပြီး ၂ နှစ်အကြာမှာပဲ ကလေးတွေကို ခိုင်းစားဖို့ ဖမ်းဆီးကြတာ ဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့အထဲမှာ ပါတဲ့ အသက် ၁၆ နှစ်အရွယ် ကလေးမလေးကတော့ သူ့ကို အခုလို လွတ်မြောက်အောင် လုငပ်ပေးတဲ့လူတွေကို ကျေးဇူးတင်ကြောင်း Seleka လို့ခေါ်တဲ့ မွတ်စလင် သူပုန်အတွက် သူက အစကတည်းက မတိုက်ပေးချင်ခဲ့ဘူးလို့ ပြောပါတယ်။
လွတ်လာတဲ့ ကလေးငယ်တွေကို ကျန်းမာရေး စစ်ဆေးပေးနေပြီး သူတို့မိသားစုတွေနဲ့ ပြန်လည် ပေါင်း စည်းနိုင်ဖို့ လုပ်ဆောင်ပေးကြမှာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်တုန်းက လူများစုဖြစ်တဲ့ မွတ်စလင် Seleka အဖွဲ့က နိုင်ငံကို ထိန်းချုပ်ထားသလို ဖြစ်နေတာကို ခရစ်ယာန်အဖွဲ့တွေကလည်း ဆန့်ကျင်တဲ့အနေနဲ့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။
တခြား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားရှိတဲ့ နိုင်ငံငယ်လည်း ဖြစ်ပါတယ်။
အဲဒီလို ပြဿနာကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးရပြီး သန်းနဲ့ချီ အိုးအိမ်စွန့် ထွက်ပြေးနေရပါတယ်။
Central African Republic နိုင်ငံမှာ လူ ဦးရေ လေးသန်းကျော်သာ ရှိတဲ့အနက် တဝက်လောက်က စစ်ကြောင့် ထိခိုက်နစ်နာနေရပါတယ်။
ABC

No comments:
Post a Comment