မြန်မာသူနာပြု စနိုင်နိုင်ထွန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီက ဖလောရင့်နိုက်တင်ဂေးဆု ချီးမြှင့်လိုက်တယ်လို့ မြန်မာကြက်ခြေနီ အသင်းက သတင်း ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်း ကာလက ဧရာဝတီတိုင်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမှာ မုန်တိုင်းဘေးဒဏ်ခံရသူတွေကို သူနာပြု စနိုင်နိုင် ထွန်းက သက်စွန့်ကြိုးပမ်း ကူညီကယ်ဆယ်ခဲ့ တာကြောင့် ဒီဆုကို ရရှိတာလို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြတ်သိန်းက ပြောပါတယ်။
စနိုင်နိုင်ထွန်းဟာ အဲဒီတုန်းက လူနာပေါင်း ၂၆ ယောက်ကို ကယ်တင်နိုင်ခဲ့ တယ်လို့လည်း ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ဟာ ဖလောရင့်နိုက်တင်ဂေးဆုကို ၄ နှစ် ၁ ကြိမ်ပေး အပ်ချီးမြှင့်တာ ဖြစ် ပြီး အခု ၄၅ ကြိမ်မြောက်မှာ ဆုကို မြန်မာနိုင်ငံမှ စနိုင်နိုင်ထွန်း အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သူနာပြု ၃၆ ယောက် ရရှိခဲ့ကြတာပါ။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ဟာ မေလ ၁၂ ရက်၊ ကမ္ဘာ့သူနာပြုနေ့မှာ ဖလော်ရင့်နိုက်တင်ဂေးဆု ရရှိသူများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပြီး အခုနှစ် ဆုရသူစာရင်းမှာ အာဆီယံ ဒေသတွင်းနိုင် ငံတွေထဲက ဖိလစ်ပိုင်က ၃ ဦး၊ ထိုင်းက ၂ ဦး ဆုရပြီး မြန်မာနိုင်ငံက သူနာပြု ၁ ဦး ဆုရရှိတာလည်းဖြစ်ပါ တယ်။
မြန်မာပြည်က ဒီဆုကိုရရှိတာ စနိုင်နိုင်ထွန်းက ၄ ယောက်မြောက်ဖြစ်ပြီး၊ ၁၉၆၃ ခုနှစ်က သူနာပြုဆရာမ ကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊ ၁၉၉၃ ခုနှစ်မှာ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယော်နမ်၊၂၀၀၁ ခုနှစ်မှာ သားဖွား ဆရာမ ဒေါ်သိန်းရီတို့ ရရှိခဲ့ကြပါတယ်။
DVB
No comments:
Post a Comment