Monday, May 11, 2015

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ တိုးမြှင့်သတ်မှတ်ရေး လက်နက်ကိုင် အဖွဲ့များ ထောက်ခံမှုနှင့် မလုံလောက်ဟုဆို


“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP က တောင်းဆိုသော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ တိုးမြှင့်သတ်မှတ်ရေး လက်နက်ကိုင်အဖွဲ့များ ထောက်ခံမှုနှင့် မလုံလောက်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။
UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ညီလာခံတွင် UWSA အဖွဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးမြှင့်ပေးရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထောက် ခံပေးရန် တောင်းဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

UWSA သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ပေးရန်လည်း အစိုးရ ထံ တောင်းဆိုထားသည်။

“အမှန်အတိုင်းပြောရရင် သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်။ ရှမ်းနယ်မြေ ထဲမှာ “ဝ” မပါဘူး။ အခု “ဝ” တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ နေရာက ရှမ်းပြည်နယ်ထဲမှာ ဖြစ်တယ်။ ဒါတွေကို ခုထိ အသေး စိတ် ဆွေးနွေးထားတာ မရှိသေးဘူး။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့လည်း ပြည်နယ်
အဆင့် အပစ်ခတ်ရပ်စဲရေး နောက်ပိုင်း နယ်မြေ ခွဲဝေပေးတာကနေ တစ်ဆင့် ပြဿနာ ဖြစ်လာတာတွေ ရှိတယ်။ ဒါကို အချင်းချင်းပြန်ညှိဖို့ ဖိတ်ခေါ်တားပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။

အစိုးရအနေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတည်ပြုပြင်ဆင်ခြင်း ပြုလုပ်ရာတွင် ဒေသခံပြည်သူ များ၏ သဘောထားများကိုပါ ရယူရန် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

မူလသတ်မှတ်ပြီးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထပ်မံတိုးချဲ့ ချထားပေးခြင်းမှာ မသင့်တော်ကြောင်း ဗိုလ်မှူးကြီးစိုင်းလက ထပ်လောင်းပြောဆိုသည်။

“ဝ” ပြည် သွေးစည်းညီညတ်ရေးပါတီ UWSP က ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ပြုလုပ် ကတည်းက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးရန် တောင်းဆို ထားခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List