Thursday, May 14, 2015

ဘာရန်မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်တော့မှာလား


ဘာရန်ကျွန်းမီးတောင်

ဘာရန်ကျွန်းဟာ ကပ္ပလီ ကျွန်းစုအတွင်းရှိ အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သော ကျွန်းဖြစ်ပါတယ်။ ကပ္ပလီကျွန်းစု တွင်ပါဝင်သော Port Blair မြို့ရဲ့ အရှေ့မြောက် ဘက် ၁၃၅ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ဆူမတြားကျွန်း နဲ့ မြန်မာနိုင်ငံအကြားတည်ရှိနေ သော မီးတောင်အစွယ်တန်း (Volanic arc) တွင် တစ်ခု တည်း သော မီးတောင်ရှင်တစ်ခုဖြစ်ပါ တယ်။ မြေအောက် ၂,၂၅၀မီတာ အနက်မှ အထက်မြေပေါ်အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေ သော မီးတောင်ရှင်ဖြစ်ပါတယ်။
ရာဇ၀င်တွေထဲက မီးတောင်

Barren Island ဟာ မီး တောင်ပေါက်ကွဲမှု သမိုင်းများရှိခဲ့ တဲ့ ကျွန်းဖြစ်ပါတယ်။ Barren ကျွန်း မီးတောင်ပေါက်ကွဲမှုများကို  ၁၇၈၇၊ ၁၇၈၉၊ ၁၉၇၅၊ ၁၈၀၃-၀၄၊ ၁၈၅၂၊ ၁၉၉၁၊ ၁၉၉၄-၉၅၊ ၂၀၀၅-၀၆၊ ၂၀၁၅ နှစ်များ မှာ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

၂၀၁၅ Activity

ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ များအရ ဘာရန်ကျွန်းမီးတောင် မီးတောက်မီးလျှံများ (Hotspots) ကို ၂၀၁၅ မတ်လ ၁၈ ရက်မှာစ တင်တွေ့ရှိခဲ့ကြပါတယ်။

၂၀၁၃ Eruption

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်ကာ မီးတောင် ထိပ်ဝမှာ ပေါက်ကွဲမှုကိုတွေ့ခဲ့ကြ ရပြီး ပြာ မှုန်များဟာ အထက်အ မြင့်ပေ ၂၀,၀၀၀ အထိမြင့်တက် လာခဲ့ပြီး အနောက်တောင်ဘက် ရေမိုင် ၁၂၀ ခန့်အကွာအထိပြာ မှုန်များထိုးထွက်နေခဲ့ပါတယ်။

၂၀၀၅-၂၀၁၀ Eruptions

၂၀၀၄ ဒီဇင်ဘာ ၂၆ ရက် တွင် လှုပ်ရှားခဲ့သော အင်အား ၉ ဒသမ ၁ ရှိ ဆူမာတြားကျွန်းရေ အောက် မြေင လျင်ကြီးကြောင့် နောက်ဆက်တွဲအဖြစ် ၂၀၀၅ မေ လ ၂၈ ရက်တွင် ဘာရန်ကျွန်း၌ မီးတောင်ပေါက်ကွဲ မှု ဖြစ်ပေါ်ခဲ့ပါ တယ်။ တောင်ထိပ်အ၀မှာ အ နောက်ဘက်အရပ်သို့ ပြာအငွေ့ တန်းကြီး ပန်းထွက်လာခဲ့ ပါတယ်။ ချော်ရည်များလည်းမီးတောင်ထိပ် ၀မှ ယိုစီးဆင်းခဲ့ပါတယ်။ အဲဒီ နောက် ၂၀၀၅ နဲ့ ၂၀၀၈ ခုနှစ်များ တွင်လည်း ပြာမှုန်များဆက်လက် ပန်းထွက်နေခဲ့ပါတယ်။ နောက် တစ်ခါ ၂၀၀၉ ဇန်န၀ါရီနှင့်မတ်လ အကြားတွင် မီးတောင်ပေါက်ကွဲမှု ထပ်မံဖြစ်ပေါ်ခဲ့ပါသေးတယ်။ ၂၀၁၀ ဇန်န၀ါရီ ၃ ရက်တွင် မီး တောင် ထိပ်ဝမှ ပန်းထွက်လာ သော ပြာမှုန်တွေဟာ အထက်အ မြင့် ၁ ဒသမ ၅ ကီလိုမီတာအထိ မြင့်တက်ခဲ့တာ ကို တွေ့ခဲ့ရပါ တယ်။

၁၉၉၄-၉၅ Eruption

၁၉၉၄ ဒီဇင်ဘာ ၂၀ ရက် တွင်မီးတောင်ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ၁၉၉၅ တွင် Strombolian ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းပို့ခဲ့ကြ ပြန်ပါတယ်။ မီးတောင်ပေါက်ကွဲ မှုကြောင့် ချော် ရည်များဟာ ပင် လယ်ပြင်အတွင်းသို့ စီးဆင်းကျခဲ့ ရာ အရှည် ၁ ဒသမ ၅ ကီလိုမီတာ မျှ ရှည်လျားခဲ့ပါ တယ်။ ၁၉၉၅ မတ်လမှာ နောက်တစ်ကြိမ်ပေါက် ကွဲမှု ဖြစ်ပြန်ပါတယ်။ ၁၉၉၅ မေ လ ၁၁ ရက်တွင်မူ မီးတောင်အ၀ မှ ထွက်လာသော မီးတောက်မီး လျှံများမှာ အထက်အမြင့် ၁၅၀ မီတာအမြင့်အထိ ရောက်ရှိ ခဲ့ကြ ပါတယ်။ မီးတောင်အက်ကြောင်း အပေါက်ဝမှ ပေါက်ကွဲမှုများဟာ ၁၉၉၅ ဇူလိုင် ၁ ရက်တွင် ပြီးဆုံး ခဲ့ပါတယ်။

၁၉၉၁ Eruption

၁၉၉၁ ဧပြီလတွင် ဘာရန် မီးတောင်ပေါက်ကွဲမှုများနဲ့အတူ ချော်ရည်ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ ပြန်ပါတယ်။ အလယ်ဗဟိုပင်မ မီးတောင်ဝမှနေ၍ ချော်ရည်များ အရှေ့မြောက်အရပ်ဘက်သို့ စီးဆင်းကျသွားခဲ့ကြပါ တယ်။ အ ချိန်စက္ကန့်ပိုင်းခြားကာ မီးတောင် ပေါက်ကွဲမှုများကို မြင်တွေ့ခဲ့ကြ ရပါတယ်။ ပြာမှုန်များအပါ အ၀င် အခြားသော ရောနှောသတ္တုများကို အထက်အမြင့် မီတာ ၅၀ ရောက် အောင် ပန်းထုတ်ပေးခဲ့ပါ တယ်။ ယခုအကြိမ် စီးဆင်းလာသော ချော်ရည်များဟာ ၁၇၈၇ က ယို စီးစိမ့်ဆင်းခဲ့သော ချော်ရည် အ ဟောင်းများအားလုံးကို ဖုံးအုပ် သွားစေခဲ့ပါတယ်။

၁၇၈၇ Eruption

Strombolian ပေါက်ကွဲမှု ကြောင့် မီးတောင်အ၀တွင် က တော့ချွန်သဏ္ဌာန်ရှိ ကုန်းမြေတစ် ခုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။အ ဆိုပါကုန်းမြေအမြင့်ဟာ ၃၀၅ မီ တာအထိ ရှိခဲ့ပါတယ်။ထို့အပြင်  ပင်မကုန်းမြေမြင့် အရှေ့မြောက် ဘက်၊ အနောက်ဘက်နဲ့ တောင် ဘက်အနားများတစ်လျှောက် မီ တာ ၈၀ အနိမ့်ပိုင်းဘက်တွင် နောက်ထပ်ကတော့ပုံ ကုန်းမြင့် များကို ထပ်မံဖြစ်ပေါ်စေခဲ့ပါ တယ်။ ယိုထွက်လာတဲ့ ချော်ရည် တွေဟာ မီးတောင်ဝရဲ့ အနောက် ဘက်ကို ပင်လယ်ရေပြင်ရောက် တဲ့အထိ စီးဆင်းသွားခဲ့ကြပါတယ်။

Prehistoric Activity

Barren Island မီးတောင် ပေါက်ကွဲမှုများကို အတိတ်က လည်း ဖြစ်ခဲ့ဖူးရာ ကြီးမားသော ပေါက်ကွဲမှုမျိုးကို နှစ်ပေါင်း၎,၅၀၀ တွင် တစ်ကြိမ် ပျမ်းမျှအားဖြင့်  ဖြစ်ပေါ်လေ့ရှိတာကို တွေ့ကြရ ပါတယ်။

သတင်းတွေအတွက်

စိုးရိမ်ကုန်ကြပြီ

ကလေးမြို့ကို စာပေဟော ပြောပွဲအတွက် နှစ်ညအိပ်လေး သွားလိုက်ပါတယ်။ ဖုန်းတွေက တဂွမ်ဂွမ်လာတော့တာပါပဲ။ ‘‘ဆ ရာ... မော်လမြိုင်မှာ ဒီနေ့ည  မုန် တိုင်းဝင်မယ်လို့ သက်ဆိုင်ရာက လိုက်ကြေညာနေလို့ လူတွေ အ ကုန် အထိတ်တလန့်ဖြစ်ကုန်ပြီး ဖုန်းတွေလှမ်းဆက်နေကြတယ်’’ လို့ မိတ်ဆွေဂျာနယ်တိုက်တစ် တိုက်က ဖုန်းဆက်လာတယ်။

နောက်ဂျာနယ်တိုက်တစ်ခု ကတော့ ‘‘ဆရာ... အခုအားလုံး က Barren ကျွန်းမီးတောင်ပေါက် ရင် ဆူနာမီရေလှိုင်းကြီးတွေ လာ တော့မယ်ဆိုပြီး ထိုင်းကရော မြန် မာကရော ကြေညာနေလို့ကမ်းရိုး  တန်းကလူတွေ အကုန်လန့်နေကြ တယ်’’တဲ့။ မုန်တိုင်းနဲ့ပတ်သက် တဲ့ ကောလာဟလကိုတော့ ချက် ချင်းပယ်ချလိုက်တယ်။ လုံးဝမ ဖြစ်နိုင်ဘူးလို့။ ဘယ့်နှယ့်ဗျာ ဒါကကိုယ့် Field ပဲ။

ဆူနာမီဖြစ်မယ်ဆိုတဲ့ကိစ္စ

ဒါကိုတော့ အခြေအနေအ ရပ်ရပ်ကို သုံးသပ်ကြည့်မိတယ်။ ဘာရန်ကျွန်းဟာ ကပ္ပလီကျွန်းစု အတွင်းရှိ အိန္ဒိယနိုင်ငံကပိုင်ဆိုင် သော ကျွန်းဖြစ်ပါတယ်။ ကပ္ပလီ ကျွန်းစုတွင်ပါဝင်သော PortBlair မြို့ရဲ့ အရှေ့မြောက်ဘက် ၁၃၅ ကီလိုမီတာအကွာမှာ တည်ရှိပါ တယ်။ ဆူမတြားကျွန်းနဲ့ မြန်မာ နိုင်ငံအကြားတည်ရှိနေသော မီး တောင်အစွယ်တန်း(Volanic arc) တွင် တစ်ခုတည်းသော မီးတောင် ရှင်တစ်ခုဖြစ်ပါတယ်။မြေအောက် အနက်  ၂,၂၅၀ မီတာအနက်မှ အထက်မြေပေါ်အမြင့် ၃၅၄မီတာ အထိ ထိုးထွက်နေသောမီးတောင် ရှင်ဖြစ်ပါတယ်။

ဒီမီးတောင်က မီးခိုးငွေ့တွေ သာမက မီးပွားတွေပါ ပါဝင်တဲ့ မီးခိုးငွေ့တွေ မီးတောင်ထိပ်ဝက ပန်းထွက်နေတာတော့အမှန်ပါပဲ။  မီးတောင်ပေါက်ကွဲမှုတွေရဲ့ ရှေ့ ပြေးနိမိတ်ပါပဲ။ စိုးရိမ်နေကြတဲ့ အတိုင်း မီးတောက်ပေါက်ကွဲခဲ့ရင် တော့ မြေငလျင်ကတော့လှုပ်လာ နိုင်ပါတယ်။

ဆူနာမီဖြစ်ဖို့ဆိုရင်

ဒါပေမဲ့ ဒီငလျင်ကနေ ဆူနာ မီဖြစ်ဖို့တော့ လှုပ်တဲ့ငလျင်ဟာ အချက်လေးချက်လိုအပ်တယ်။

(၁) ရေအောက်ငလျင်(Maritime Earthquake) ဖြစ်ရမယ်။

(၂) အင်အားက ရစ်ခ်ျတာစကေး ၇ အထက်ပြင်းထန်ရမယ်။

(၃) မြေငလျင်ဗဟိုချက်ဟာ အ နက် ၈၀ ကီလိုမီတာမကျော်တဲ့ အနက်တိမ်ဖြစ်ရမယ်။

(၄) မြေငလျင်လှုပ်လို့ မြေသား တုန်ခါမှုဟာ အထက်အောက် လှုပ်ရှားမှုဖြစ်ရမယ်။

အဲဒီအချက်လေးချက်နဲ့ ကိုက်မှ ဆူနာမီဖြစ်နိုင်တယ်လို့ ကျွန်တော်လေ့လာသိရှိထားပါ တယ်။

ခေါင်းထဲမှာ

စွဲစွဲမြဲမြဲရှိနေရမယ့်အရာ

အဲ...မီးတောင်လည်း   တ ကယ်ပေါက်ကွဲလို့၊ မြေငလျင် လည်း တကယ်လှုပ်လာလို့၊ဆူနာ မီလည်း တကယ်ဖြစ်လာလို့၊ အဲဒီ ဆူနာမီကလည်း မိမိနေထိုင်ရာ ကမ်းခြေကို တကယ်လာလည်း လာခဲ့မယ်ဆိုရင် ခေါင်းထဲမှာသိ ထားရမယ့် အသိကတော့..

‘‘လှုပ်ကျ၊ အော်၊ ပြေး ဆူ နာမီကင်းဝေး’’တဲ့။

ဆိုလိုတာက ပထမဆုံးမြေ ငလျင်လှုပ်မယ် (အားလုံးသိနိုင် တယ်)။ နောက်ပြီး မိမိနေထိုင်ရာ ကမ်းခြေကို ဆူနာမီရေလှိုင်းတွေ ဦးတည်လာနိုင်ပြီဆိုရင် ကမ်းခြေ ကရေတွေ ကျဆင်းသွားတတ် တယ်။ (၂၀၀၄ ဒီဇင်ဘာ ဆူနာမီ တုန်းက လက်တွေ့ပါ)။နောက်ပြီး ရေလှိုင်းတွေဝင်လာရင် ပင် လယ်ဘက်ကအော်သံတွေ ကြား လာရပါလိမ့်မယ်။ ဒါဆိုရင်တော့ အနည်းဆုံး ၁၀ မီတာ(ပေ ၃၀) လောက်မြင့်တဲ့ ခိုင်မာတဲ့ကုန်းမြေ အမြင့်တစ်ခုကို ရောက်အောင် ပြေးပြီး ခိုလှုံပါ။ ဒါဟာ အနှစ်ချုပ် ပါပဲ။

ပြောချင်တာကတော့ Barren ကျွန်းမီးတောင် ဒီလိုဖြစ်နေတာ အကြိမ်ကြိမ်ရှိပါပြီ။ လက်လှမ်းမီ သလောက်ပြောရရင် ၁၇၈၇၊ ၁၇၈၉၊ ၁၇၉၅၊ ၁၈၀၃-၀၄၊ ၁၈၅၂၊   ၁၉၉၁၊   ၁၉၉၄-၉၅၊ ၂၀၀၅-၀၆၊ ၂၀၁၅ စတဲ့နှစ်တွေ ဖြစ်ပါတယ်။

သတိပေးချက်

မြန်မာနိုင်ငံ မြေငလျင်အ သင်းက မီးတောင်ပေါက်ကွဲခဲ့ပါ က ကမ်းရိုးတန်းနေ ပြည်သူများ အနေဖြင့် ဆူနာမီကိုသတိထား သင့်ကြောင်း ၂၀၁၅ မေလ ၈ရက် တွင် သတိပေးထားပါတယ်။ကပ္ပ  လီပင်လယ်အတွင်းရှိ ဘာရန်ကျွန်း (Barren Island) မီးတောင်သည် ပေါက်ကွဲနိုင်ခြေရှိပြီး မြန်မာ့ကမ်း ရိုးတန်းဒေသများတွင် ဆူနာမီ အ န္တရာယ်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေး ပြီးနောက် လူထုအကြားကောလာ ဟလမျိုးစုံ ထွက်ပေါ်နေသဖြင့် လက်ရှိအခြေအနေအရ စိုးရိမ်မှု မလွန်ကဲစေရန် ပညာရှင်များက သတိပေးပြောကြားသည်။

ဘာရန်ကျွန်းမီးတောင်သည် လက်ရှိတွင် ပေါက်ကွဲမည့်လက္ခ ဏာအဖြစ် ချော်ရည်များမှုတ် ထုတ်နေကာ ထိုင်းနိုင်ငံသဘာဝ ဘေးကြိုတင်ကာကွယ်ရေး ဗဟို ကော်မတီကလည်း ဒေသတွင်း ၌ ဆူနာမီအန္တရာယ်ရှိကြောင်းသတိ ပေးထားသည်။

မြန်မာနိုင်ငံတွင် မိုး/ဇလဌာ နနှင့် လူကယ်ပြန်ဌာနက သတင်း သီးသန့်ထုတ်ပြန်ထားခြင်း မရှိ သော်လည်း ကမ်းရိုးတန်းဒေသ များ၌ သဘာဝဘေးကြိုတင်ကာ ကွယ်ရေးအတွက် လက်တွေ့လုပ် ပြလေ့ကျင့်မှုများပြုလုပ်နေသည်။

မီးတောင်အကြောင်းကိုသိ တဲ့ ပညာရှင်ဆိုတာ သပ်သပ်ရှိပါ တယ်။ Volcanologist လို့ခေါ်ပါ တယ်။ မီးတောင်ပေါက်ကွဲမှုအ လားအလာကို မီးတောင်ပညာရှင် တွေက မီးတောင်ကပန်းထွက်လာ တဲ့ ချော်ရည်နဲ့မီးခိုးပြာတွေထဲမှာ ရောနှောပါဝင်လာတဲ့ဓာတ်သတ္တု တွေကို ဆန်းစစ်ကြည့်တဲ့အခါ မီး တောင်ရဲ့အတွင်းပိုင်အနက်ဘယ် လောက်ကလာသလဲဆိုတာကို ကြည့်ပြီး မီးတောင်ပေါက်ကွဲမှုရဲ့ အခြေအနေ၊ အင်အားတွေကို မှန်းဆကြရပါတယ်။

ဒီပညာရှင်တွေက လက်ရှိ Barren ကျွန်းမီးတောင်က မီးခိုး ငွေ့တွေ၊ မီးပွားမီးတောက်တွေ၊ မီးတောင်ဝက ထွက်နေတဲ့အခြေ အနေကို Current status:minor activity or eruption warning မီးတောင်ပေါက်ကွဲမှုသတိပေးအ ဆင့်ဟာ အသေးစားအဆင့်သာဖြစ် တယ်လို့ သတ်မှတ်ထားကြောင်း ပါဗျာ။

7Day Daily

No comments:

Post a Comment

My Blog List