Monday, May 11, 2015

နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးစရန် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲ ထုတ်ပြန်


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ် အပြီး ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးစရန် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဆွေးနွေးပွဲက ထုတ်ပြန် လိုက်သည်။


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် လက်နက်ကိုင်ခြောက်ဖွဲ့၊ တိုင်းရင်းသားရေး ရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၆၀ ကျော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သည့် အဆိုပါ ဆွေးနွေးပွဲ ကို မေလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဆွေးနွေးပွဲအပြီး၌ အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ် သည်။

“နိုင်ငံရေးဆွေးနွေးပွဲအတွက် အချိန်ထပ်မဆွဲသင့်တော့ဘူး” ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြော ဆိုသည်။

ယင်းသို့ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်စရန် ကြိုတင်ပြင်ဆင်ရေးအတွက် အဖွဲ့အစည်းစုံ ပါဝင်သည့် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့” (Coordination Team for Peace and National Reconciliation) ကိုလည်း ဖွဲ့စည်းရန် သဘောတူကြောင်း အဆိုပါ ကြေညာချက် တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုအပြီး၌သာ နိုင်ငံရေးဆွေးနွေးပွဲများ စရန် လျာထားသဖြင့် အပစ်ရပ် စာချုပ် အမြန်လက်မှတ်ထိုးရေးကိုလည်း အဖွဲ့အစည်းအားလုံးက သဘောတူကြောင်း ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအပြီးနိုင်ငံရေးဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်နိုင်ရေး အဓိကဆွေးနွေးခဲ့ကြောင်း
ဆွေးနွေးပွဲ တက်ရောက်သည့် ကိုယ်စားလှယ်များက ပြောဆိုသည်။

အင်းလျားလိတ် ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆၄ ပါတီ တက်ရောက်ခဲ့သော်လည်း အာဏာရပါတီ ဖြစ် သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါဝင်တက်ရောက်ခြင်း မရှိသော်လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီကမူ အစည်းအဝေးသို့ တက်ရောက်ကြောင်း အစည်းအဝေး မှတ်တမ်းအရ သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲများ အမြန်စရန်နှင့် ညှိနှိုင်းအဖွဲ့ ဖွဲ့စည်းရန် စသည့် အချက်များ ပါဝင်သည့် ကြေညာချက် ကိုမူ NLD နှင့် ရှမ်းတိုင်းရင်းများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် ပါတီလေးခု၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က သဘောထားမပေးခဲ့ကြောင်း ကိုယ်စား လှယ်အချို့က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List