Tuesday, May 12, 2015

ထိုင်းလူပွဲစားများ တောထဲတွင် ပစ်ထားခဲ့သည့် မြန်မာ ၄၆ ဦးကို ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ရှိ


လူကုန်ကူးခံရပြီး အစာရေစာ ပြတ်လပ်နေသည့် မြန်မာ ၄၆ဦးအား Chumphonနယ်မြေ တောစပ်အ နီး တောင်ကြားတွင် ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ ရှိသဖြင့် ကယ်တင်လာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ် ဌာနီခရိုင် Chumphon နယ်မြေ တောစပ်တွင် လူကုန်ကူးသူများမှ တောထဲ တွင် ပစ်ထားခဲ့သဖြင့် အစာ ရေစာပြတ်လပ်ကာ နီးစပ်ရာရွာများသို့အစားအစာများလာရောက် တောင်းခံခဲ့ ချိန်တွင် ရွာသူကြီးမှ ထိုင်း လုံခြုံရေးတပ်ဖွဲ့သို့သတင်းပို့ခဲ့ခြင်း ကြောင့် မေ ၈ ရက်တွင် မြန်မာနိုင်ငံ သား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုထပ်မံကာ အဆိုပါတောအတွင်း သို့ ထိုင်းအာဏာပိုင်များမှ လူအင် အားသုံး ရှာဖွေမှုများပြုလုပ်ခဲ့ပြီး မေ ၉ ရက် နေ့လယ်ပိုင်းက အစာ ရေစာပြတ်လပ်ကာ ဒုက္ခရောက်နေ ကြသည့် မြန်မာနိုင်ငံသား အမျိုး သား ၄၁ ဦးနှင့် အသက် ၁၂ နှစ်မှ ၄၄ နှစ်အတွင်းရှိအမျိုးသမီး ခြောက် ဦးတို့ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်း သတင်းဌာန၏ ဖော်ပြချက်အရ သိ ရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို မြန်မာဘက်မှလူပွဲစားများက ကော့သောင်းမြို့အနီးရှိ မာရမ်း ကျေးရွာမှ တစ်ဆင့် ကရာ့ဘူရီမြစ် (ပါချန်မြစ်)ကိုဖြတ်ကာ ထိုင်းဘက် ကမ်းရှိလူ ပွဲစားများထံပို့ဆောင်ခဲ့ ကြောင်း၊ ထိုင်းလူပွဲစားအဖွဲ့မှ Chumphon တောင်ပေါ်ရှိ ၄င်း တို့၏ စခန်းသို့ခေါ်ဆောင်ခဲ့ကြောင်း၊ အဆိုပါမြန်မာ လုပ်သားများသည် အလုပ်လုပ်ရန် တစ်ဦးကို ပို့ဆောင်ခ (ပွဲစားခ)တစ်ဦးလျှင် ထိုင်းငွေ ဘတ် ၇ဝဝဝ ပေးခဲ့ ရကြောင်း စစ်ဆေးချက် များအရ သိရသည်။

လက်ရှိတွင် လူဦးရေ ၇ဝကျော် ရှာဖွေကယ်တင်ထားနိုင်ပြီး ယခုဒုတိ ယအကြိမ် ကယ်တင်နိုင်ခဲ့သည့် ၄၆ ဦးတွင် ၂၉ဦးကို ထိုင်းပွဲစားများမှ ထိုင်းနိုင်ငံတောင်ပိုင်းတွင်အလုပ်လုပ် ရန်ပို့ဆောင်မည်ဖြစ်ပြီး ကျန် ၁၇ဦး ကို မလေးရှားနိုင်ငံသို့ပို့ဆောင်ရန် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ် ချက်များတွင် ဆိုထားကြောင်း မန်နေဂျာ အွန်လိုင်းက ဖော်ပြထား သည်။

၎င်းတို့အားလုံးကို သေနတ် အရှည်များကိုင်ဆောင်ထားသည့် ထိုင်းပွဲစားအဖွဲ့မှဦးဆောင်ကာ စစ် ဆေးရေး ဂိတ်များကို ရှောင်ကွင်း နိုင်ရန်အတွက်တောတောင်ထဲတွင် သုံးရက်သုံးည တိုင် လမ်းလျှောက် ဖြတ်ကျော်ခဲ့ရကြောင်း၊ ထို့နောက် တောထဲတွင်ရှိသည့် ယာယီစခန်းတွင်ထားရှိပြီးနောက် ကားဖြင့် ခေါ် ဆောင်သွားရာတွင် စစ်ဆေးရေးဂိတ် များတင်းကျပ်ထူပြောသဖြင့်ပွဲစားများ မှ မြန်မာများ ကို တောထဲသို့ ပြန် လည်ခေါ်ဆောင်ကာ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း နှစ်ရက်တိုင် အစား အစာများ မရရှိ သဖြင့် ဆာလောင် မွတ်သိပ်နေကြရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ (MAT) မှ ကိုစော မောင်က'' အခုတွေ့တဲ့ အယောက် ၇ဝကျော်လုံးက မြန်မာနိုင်ငံနေရာ အရပ်ရပ်ကလာတဲ့မြန်မာနိုင်ငံသား တွေပါ။ မြန်မာလို့ မသတ်မှတ်တဲ့ သဘောနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ မသိချင်ယောင်ဆောင်မနေ ပါနဲ့''ဟု ¤င်း၏အမြင်ကိုပြောသည်။

အဆိုပါလူကုန်ကူးသူများမှ ရုပ် ရည်ချောမောသည့် အသက် ၃၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် ၇ လ အရွယ်ကလေးငယ်တစ်ဦး တို့ကို ခေါ် ဆောင်သွားကြောင်းနှင့် ¤င်းသား အမိနှစ်ဦးနှင့်ပတ်သက်၍ တစ်စုံ တစ်ရာမတွေ့ရှိသေးသလို စစ်ဆေး မေးမြန်းချက်များ အရ တောအတွင်း တွင် ထပ်မံစွန့်ပစ်ခဲ့သည့် မြန်မာ ၁၅ဝ ဦးခန့်ရှိနိုင်သေးကြောင်း ကယ်တင်ခံ ခဲ့ရသူများ၏ထွက်ဆိုသည့် စစ်ချက် များအား မန်နေဂျာအွန်လိုင်း သတင်း ဌာနမှ ဖော်ပြထားသည်။

၎င်းဖြစ်ရပ်များနှင့်ပတ်သက် ၍ ထိုင်းအာဏာပိုင်များမှ ဖော် ထုတ်အရေးယူနိုင်ရေးဆက် လက် ဆောင်ရွက် လျက်ရှိနေပြီး ပထမအကြိမ် ကယ်တင်နိုင်ခဲ့သည့် ၂၈ဦးတွင် ပါဝင်သည့် အမျိုးသမီးငယ် လေးဦး အဓမ္မပြု ကျင့်ခံရမှုကိုလည်း စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ဆိုထား သည်။

Yangon Media Group


No comments:

Post a Comment

My Blog List