Wednesday, May 13, 2015

အသက်မပြည့်သေးသည့် သပိတ်မှောက်ကျောင်းသားတစ်ဦးအား အာမခံဖြင့်ပြန်လွှတ်


သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည်သပိတ် မှောက်ကျောင်းသားနှင့် ၀န်းရံ ပြည်သူများအနက် အသက်(၁၈)နှစ်မပြည့်သေးသည့် ဒသမတန်း ကျောင်းသားတစ်ဦးအား သာယာဝတီမြို့နယ်တရားရုံး မေလ ၁၂ရက်တွင်ပြုလုပ်သည့် သတ္တမအကြိမ်မြောက်ရုံးချိန်း၌အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရ ရှိသည်။
အဆိုပါရုံးချိန်းတွင် တရားလိုဖြစ်သည့် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်ကို စတင် စစ်ဆေးခဲ့ ပြီးနောက် အသက်မ ပြည့်သေးသည့် အဆိုပါကျောင်း သားအား ကလေးသူငယ်တရားရုံးတွင် ထပ်မံ စစ်ဆေး ကာအာမခံ ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့တရားလိုဖြစ်တဲ့ ရဲမှူး ဖုန်းမြင့်ကို စစစ်တယ်။ အဓိကစစ်မေးချက်ကို စစ်ရင်းနဲ့ အချိန်မလောက်တော့ လို့ နောက်ထပ်ရုံးချိန်းကို ပြောင်းချိန်းလိုက်တယ်။ ပြီးတော့ ဖမ်းထားတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ (၁၆) နှစ်အောက် ကလေးတစ်ယောက်ပါတယ်။ အဲဒီအတွက် သူ့ကို ကလေးသူငယ်တရားရုံးမှာ ပြောင်း စစ်ပြီးတော့ အာမခံပေးသွားမယ်’’ ဟု ကျောင်းသားနှင့် ၀န်းရံပြည်သူများကို ကူညီပေးနေသည့် တရား လွှတ်တော်ရှေ့နေဦးလှမျိုးမြင့်က ပြောသည်။

အသက်(၁၅)နှစ်အရွယ် အ ခြေခံပညာဒသမတန်းကျောင်းသားအား အသက်မပြည့်သေး၍အာမခံပေး ထားပြီး ပုဒ်မငါးခုဖြင့် ဆက်လက်တရားစွဲဆိုကာ ကလေးသူငယ်တရားရုံးတွင်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

‘‘ကျွန်တော်အာမခံယူလိုက် တာက သူတို့ပြောကြားချက်အရ ကျွန်တော့်ကိုအသက်မပြည့်သေး လို့ အာမခံပေးလိုက်တယ်လို့သိရ တယ်။ ကျွန်တော့်ကို အခုစွဲတဲ့အ ထဲမှာ ၅၀၅(ခ)က မပြုတ်သေး ဘူး။ ကျွန်တော့်ကို အသက်မ ပြည့်သေးတဲ့အတွက် ကလေးသူ ငယ်တရားရုံးမှာ စစ်မယ်လို့ပြော တယ်’’ဟု အာမခံရရှိသည့်ရွှေဘိုမြို့မှ ဒသမတန်းကျောင်းသား မောင်အောင်မင်းခိုင်က ပြောသည်။

အာမခံရသည့် ကျောင်းသား မှာ လက်ပံတန်းမြို့တွင် မတ်လ ၁၀ရက်က   သပိတ်မှောက်ကျောင်းသားနှင့်  ၀န်းရံပြည်သူ များကို   ရဲတပ်ဖွဲ့က   အကြမ်း ဖက်ဖြိုခွင်းစဉ် အဆိုပါကျောင်း သားအား ရဲတပ်ဖွဲ့ဝင်များက ၀ိုင်း ၀န်းရိုက်နှက်နေသည့်ဓာတ်ပုံတစ် ပုံမှာ ပြည်တွင်း၊ ပြည်ပတွင်လူသိ များလာခဲ့ပြီး ရဲတပ်ဖွဲ့၏ အကြမ်း ဖက်ဖြိုခွင်းမှုကိုဝေဖန်မှုများရှိခဲ့ သည်။

သာယာဝတီမြို့နယ်တရား ရုံးသို့ ရုံးချိန်းရောက်ရှိနေသည့် သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူ များကို အီးယူမှ သံတမန်များလာရောက်တွေ့ဆုံခဲ့ပြီး တရားခွင်အတွင်း စစ်ဆေးမှုကို ၀င်ရောက်နားထောင် ခဲ့ကြောင်း တရားရုံးသို့ ရောက်ရှိနေသည့် တ ရားလွှတ်တော်ရှေ့နေများက ဆိုသည်။

သပိတ်မှောက်ကျောင်းသား များနှင့် ၀န်းရံပြည်သူများကို သာ ယာဝတီမြို့နယ်တရားရုံးတွင်လာ မည့်မေလ ၂၆ရက်၌ ထပ်မံစစ် ဆေးရန် ရုံးချိန်းပေးခဲ့ပြီး အဆိုပါ ရုံးချိန်းတွင် အဝေးသင်ကျောင်းသား ၂၄ဦးကို မေလ အတွင်းစာ မေးပွဲဖြေဆိုနိုင်ရန်အာမခံရရှိရေး လျှောက်ထားမည်ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေများက ပြော သည်။

ဒီမိုကရေစီပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီ၏ ပင်မ သပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့၌ အာဏာပိုင်များကမတ်လ ၁၀ရက်တွင်အကြမ်းဖက်ဖြို ခွဲခဲ့ပြီး ကျောင်းသားနှင့်ဝန်းရံသူ ၁၂၇ဦးကို ဖမ်းဆီး ကာ ၎င်းတို့အ နက် နေ့တက်ကျောင်းသားများ အား ပြန်လွှတ်ပေးခဲ့သည်။

လက်ပံတန်းမြို့နယ် တရားရုံးသည် သာယာဝတီထောင်အ တွင်း ဖမ်းဆီးထားသည့်ကျောင်းသားများ အပါအ၀င် ၀န်းရံပြည်သူ များနှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရ သည့်ကျောင်းသားခေါင်းဆောင် နန္ဒစစ်အောင် တို့ကို ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေး၌ပါဝင် မှုပုဒ်မ၁၄၃၊ လူစုခွဲရန် အမိန့်ပေး ပြီးနောက် ဆက်လက် ပါဝင်မှုပုဒ် မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် နေသောဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂နှင့်နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ထို့အပြင် ၀န်းရံပြည်သူ ၁၁ ဦးကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇တို့ဖြင့် တရားစွဲဆိုပြီး အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ ကာ ဖမ်းဆီးမခံရဘဲ လွတ်မြောက်နေသည့် ကျောင်းသားခေါင်းဆောင်ကျော်ကိုကို၊ ရဲရင့်ကျော်နှင့် မြတ် သူတို့ကို ဖမ်းဆီးရန်ကြေညာထားသည်။


7Day News Journal


No comments:

Post a Comment

My Blog List