Wednesday, May 13, 2015

ရတနာပုံတက္ကသိုလ် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ရန် ခြံစည်းရိုးကာရံမှု တားမြစ်သည့်အမျိုးသမီး လေးဦးဖမ်းဆီးခံရ


မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံ တက္ကသိုလ်အနီး မျက်နှာချင်းဆိုင်ရှိ မြေနေရာကို ရဲတပ်ဖွဲ့၊ စည်ပင်သာယာနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ခြံစည်းရိုးကာရံစဉ် တားမြစ်သည့် အမျိုးသမီးလေး ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့၊ စည်ပင်သာယာ နှင့် ရတနာပုံတက္ကသိုလ်မှ ပညာ ရေးဝန်ထမ်းများ စုစုပေါင်းအင်အား ၂၀၀ခန့် သည် မေလ၁၂ရက် နံနက် ၆ နာရီခန့်က ရတနာပုံ တက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်ရှိ မြေနှစ်ဧကခန့်ကို ခြံစည်းရိုးကာ ရံရန် ရောက်ရှိလာသည်။

ယင်းမြေယာများသည်ဒေသ ခံ ၂၅ ဦးပိုင်ဆိုင်သော မြေများ ဖြစ်ပြီး ခြံစည်းရိုးကာရံခြင်းမပြု ရန် မူလမြေပိုင် ရှင်များကတားဆီး ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ အမျိုးသမီးလေးဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံ များကပြောသည်။

‘‘မိဘဘိုးဘွားပိုင်မြေတွေကို တစ်စုံတစ်ရာလျော်ကြေးမပေးဘဲ အတင်းအဓမ္မခြံစည်းရိုးခတ်သိမ်း ယူလို့ မြေ ပိုင်ရှင်တွေက တားဆီး ကြတာပါ။ ရဲတွေရော သူတို့က အင်အား ၂၀၀ လောက်ရှိတယ်။ မြေကျင်းတွေတူး တယ်။ ဒီဘက် က တားတယ်။ မရဘူး။ ကျင်းတူး ပြီး ကွန်ကရစ်တိုင်စိုက်မယ်လုပ် တော့ မြေပိုင်ရှင်အမျိုး သမီးတချို့ က ကျင်းထဲခြေဆင်းထိုင်လိုက် ကြတယ်။ အဲဒီအချိန်မှာ ရဲတွေက အမျိုးသမီးတွေကို အတင်းဆွဲ ဖယ်တယ်။ တားဆီးတဲ့အမျိုးသမီး လေးဦးကို ခြေတွေလက်တွေက ကိုင်ပြီး လိုက်ထရပ်ကားပေါ် ပစ်တင် ပြီး ချက်ချင်းဖမ်းသွားကြတယ်’’ဟု ယင်းကိစ္စတွင် ကူညီပေးသည့် မန္တလေးမြို့ခံတက်ကြွလှုပ်ရှားသူ ဦးမျိုးဝင်း ကပြောကြား သည်။ ဖမ်းဆီးခံရသူ အမျိုးသမီး လေးဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်ပြီးရဲမေ များ က ဖမ်းဆီးခြင်းဖြစ်သော်လည်း ဖမ်းဆီးခံရသူ အမျိုးသမီးအချို့ မှာ ရုပ်ပျက် ဆင်းပျက်ဖမ်းဆီးခံရသည် ဟု အခင်းဖြစ်ရပ်ကိုမျက်မြင် တွေ့ရှိသူများက ပြောသည်။

ထိုအမျိုးသမီး လေးဦးကို အမရပူရမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေပြီးတာဝန်ဝတ္တရားနှောင့် ယှက်မှု ပုဒ်မ ၃၅၃ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း အမရပူရမြို့နယ် ရဲစခန်းမှတာဝန်ကျရဲအရာရှိ က ပြောသည်။

‘‘အာမခံပေးလို့ရတဲ့ပုဒ်မပါ။ အခုတော့ စခန်းမှာထိန်းသိမ်းထား ပြီး စစ်ချက်ယူနေပါတယ်’’ဟု အ ထက်ပါ ရဲအရာရှိက ပြောကြား သည်။

အမရပူရမြို့နယ် အိုးဘိုကျေး ရွာ ရတနာပုံတက္ကသိုလ် အရှေ့ ဘက်မျက်နှာစာ ကွင်းအမှတ် (၅၉၁) ဦးပိုင် အမှတ် (၇၄/၇၅) မြေယာများကို မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့နှင့်မန္တလေးမြို့ တော် စည်ပင်သာ ယာရေးကော်မ တီက ရတနာပုံတက္ကသိုလ် မော် တော်ယာဉ် ရပ်နားရာနေရာအ ဖြစ် ဆောက်လုပ်ရန်
ခွင့်ပြုပေးထားခဲ့ပြီး ယင်းမြေနေရာတွင် နေ ထိုင်သူများအနေဖြင့် မေလ ၁၁ ရက် နောက်ဆုံးထားဖယ် ရှားပေးရန် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက မေလ ၈ ရက်စွဲဖြင့်အကြောင်းကြား စာ ပေးပို့ထားသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၊ စည်ပင်သာယာနှင့် ရတနာပုံတ က္ကသိုလ်စသည့် ဌာနဆိုင်ရာများ ပါဝင်သော် လည်း မည်သူကမျှ လျော်ကြေးငွေ ပေးအပ်ခြင်းမရှိဘဲ မြေယာများကို အတင်းအဓ မ္မသိမ်းယူရန် ကြံစည်ခြင်းဖြစ်ပြီးနစ်နာမှုအတွက်ဆက်လက် ရင်ဆိုင်မည်ဖြစ်ကြောင်း ထိုနေရာ တွင် နေသူများ
ကပြောသည်။


7Day News Journal


No comments:

Post a Comment

My Blog List