အမျိုးသမီးထုကို ကိုယ်စားပြုရန် ရည်ရွယ်တည်ထောင်မည့် အမျိုးသမီးပါတီအား ရွေး ကောက်ပွဲကော်မရှင် က အမည် ပြောင်းလဲရန်အကြောင်းကြားထားသော်လည်းပါတီတည် ထောင်သူများအနေဖြင့်အ မည် ပြောင်းလဲခြင်းမပြုဘဲ ယင်းကိစ္စ နှင့် ပတ်သက်၍ ကော်မရှင်နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ မနက်ဖြန် (မေလ ၁၁ ရက်) နေပြည်တော်ကို တက်မယ်။ကော်မရှင်နဲ့ ညှိနှိုင်းမယ်။ ကျွန်မ တို့ အဖွဲ့အစည်းအဝေးလုပ်တော့ ဒီနာမည်ကို ဘယ်သူမှ မပြောင်း ချင်ကြဘူး။ အဲဒီအတွက်ကြောင့် သူတို့နဲ့ ညှိမယ်။ နာမည်တော့ မပြောင်းချင်ဘူး။ ပါတီလှုပ်ရှားတဲ့ နယ်မြေကန့်သတ်ချင် ကန့်သတ် ပါ။ အဲဒါတော့ လက်ခံမယ်’’ဟု ဒေါ်မိသန်းရှင်က ပြောသည်။
အမျိုးသမီးပါတီဟူသော အသုံးအနှုန်းသည် တစ်နိုင်ငံလုံးရှိ အမျိုးသမီးများအတွက် ကိုယ်စား ပြုသကဲ့ သို့ဖြစ်နေပြီး အများနှင့် သက်ဆိုင်သော အမည်ဖြစ်နေပါသဖြင့် ယင်းအမည်နာမအစား အမည်သစ်ပေး၍ လည်းကောင်း၊ ယင်းစကားရပ်၏ ရှေ့(သို့မဟုတ်) နောက်တွင် သင့်လျော် ရာဖြည့်စွက်ရန် လည်းကောင်း ပြင်ဆင်ပေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဧပြီ ၂၇ ရက်တွင် အကြောင်းကြား စာပေးပို့ခဲ့သည်။
မိမိတို့အနေဖြင့် ပါတီတည် ထောင်ခွင့်ရရှိပါက မွန်ပြည်နယ်ကို အခြေပြုကာ အခြားပြည်နယ် များ၊ တိုင်းဒေသကြီးများတွင်ပါ စည်းရုံးရေးဆင်းဆောင်ရွက် မည်ဖြစ်သော်လည်း ပါတီမှတ်ပုံတင် ခွင့်ရရှိရေး ကိစ္စတွင်ပင်လျှင် အခက် အခဲကြုံတွေ့နေရသဖြင့် ယင်း အခက်အခဲများပြေလည်စေရန်ဦးစွာဆောင်ရွက်နေ ရကြောင်း ဒေါ်မိသန်းရှင်ကပြောကြားသည်။
7Day Daily
No comments:
Post a Comment