Friday, May 15, 2015

ပါလက်စတိုင်းကို နိုင်ငံအဖြစ် ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန် အသိအမှတ်ပြု စာချုပ်ချုပ်၊ အစ္စရေး လိုလားသူများ ဝေဖန်


ပါလက်စတိုင်းဒေသကို နိုင်ငံအဖြစ် အသိအမှတ်ပြုအဆင့်ထားသည့် ပထမဆုံး သဘောတူစာချုပ်တစ်ရပ် ကို ဗာတီကန်စီးတီး ကက်သလစ်နိုင်ငံက ချုပ်ဆိုခဲ့ရာ အစ္စရေးနှင့် မဟာမိတ်များက ဝေဖန်ခဲ့ကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဗာတီကန်နှင့် ပါလက်စတိုင်းတို့ ဆက်ဆံရေး စတင်တော့မည်ဖြစ်ကာ မကြာခင်ရက်များတွင်လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်တို့ တွေ့ဆုံကြဖွယ်ရှိသည်။

ပါလက်စတိုင်းနယ်မြေထဲတွင် ဘုရားကျောင်းရေးရာ လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် အကြောင်းများ ပါဝင်သည့် သဘောတူညီချက်ကို နှစ်ဖက်လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။

ဗာတီကန်တွင် ပါလက်စတိုင်းနွယ်ဖွား ကက်သလစ် သီလရှင်ကြီးနှစ်ပါးကို သူတော်စင်အဖြစ် အသိအ မှတ်ပြုမည့် လူစုလူဝေး ဝတ်ပြုပွဲကိုလည်း ပါလက်စတိုင်း ခေါင်းဆောင်က တက်ရောက်မည် ဖြစ်သည်။

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ၂၀၀၂ ခုနှစ်ကတည်းက သာသနာပိုင်က အသိအမှတ်ပြုပြီး သား ဖြစ်ကြောင်း ဗာတီကန်အခြေစိုက် အရာရှိများက ထောက်ပြထားသည်။

ယင်းသို့ ကျောင်းတော်က ပါလက်စတိုင်းကို အသိအမှတ်ပြုခြင်းသည် အစ္စရေးနှင့် ဆက်ဆံရေး၌ သွယ်ဝိုက် အကျိုးပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗာတီကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မွန်စစ်နော်အန်တိုနီ ကာမီလာရီက ပြောကြားခဲ့သည်။

ယင်းသို့ လုပ်ဆောင်မှုသည် မကောင်းသည့်ဖြစ်ရပ် ဖြစ်ကာ ပဋိပက္ခကို ဆွေးနွေးရေး ဖြစ်စဉ်မှသွားသည့် လမ်းကြောင်းကို မှေးမှိန်စေပြီး အစွန်းရောက်များကို အားကောင်းစေလိမ့်မည်ဟု ဥရောပဂျူးကွန်ဂရက် ဥက္ကဋ္ဌ မိုရှေကန်တာက ပြောကြားခဲ့သည်။

ယင်းသို့ ဗာတီကန်၏ အသိအမှတ်ပြုမှုသည် အချိန်မတန်သေးကြောင်း နောက်ထပ် ဂျူးခေါင်းဆောင် တစ်ဦး ဖြစ်သူ အေဘရာဟမ်ဖောက်စ်မန်းက ဆိုသေးသည်။

ကုသသမဂ္ဂ အထွေထွေညီလာခံက ပါလက်စတိုင်းကို အဖွဲ့ဝင် မဟုတ်သော လေ့လာသူနိုင်ငံ တစ်ခု အဖြစ် ၂၀၁၂ က အသိအမှတ်ပြုထားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List