ပါတီတွင်းအချင်းချင်း ဖြစ်ပွားသော ပဋိပက္ခအခြေအနေ အချို့ဖြစ်ပေါ်နေသည်ကို မိမိတို့ အနေဖြင့် သိရှိပြီး ယင်းပြဿနာ ရပ်များကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖြေရှင်းပေးနေ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ဦးထွန်းထွန်းဟိန်ကပြောသည်။
‘‘ဒီတွေ့ဆုံမှုတွေကိုအစ်မ ကိုယ်တိုင်တက်တယ်ဆိုတာက ရှိ နေတဲ့ပြဿနာတွေကို အစ်မကိုယ်တိုင်ဝင် ရှင်းပေးတဲ့သဘော ပါပဲ။ ကျွန်တော်တို့ အခွန်း ၂၀ ပြောတာနဲ့ အစ်မတစ်ခွန်းပြောတာနဲ့ မတူဘူးလေ။ ကျွန်တော်တို့ ပါတီကလည်း လူတွေမှာဖြစ်တတ်တဲ့သဘောအတိုင်း မာနတွေ၊ အတ္တတွေ၊ ခေါင်းမာမှုတွေ ရှိတဲ့အတွက်ပြဿနာလေးတွေတော့ ရှိတာပေါ့။ အောက်ခြေမှာ ဒီလိုဖြစ်နေတာကို ပြည်သူတွေသိသလို၊ မြင် သလို ကျွန်တော်တို့လည်း သိမြင်ပါတယ်လို့ပြောလိုပါတယ်’’ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဧပြီ ၂၇ရက်မှစတင်ကာ ရုံးပိတ်ရက်များမှအပ နေ့စဉ်တစ်ရက်လျှင် ပြည်နယ်၊ တိုင်းအလုပ် အမှုဆောင် အဖွဲ့နှစ်ဖွဲ့နှုန်းဖြင့် ဒီ ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်တွေ့ဆုံမှုပြုလုပ် ခဲ့သည်ဟုဆိုသည်။
မြို့နယ်အဆင့်မှစတင်ကာ အောက်ခြေပါတီအဖွဲ့အစည်းအ သီးသီးတွင် ပြဿနာကြီးကြီးမားမားမရှိသော် လည်း ပါတီဝင်အချင်းချင်း စည်းလုံးညီညွတ်မှု လျော့နည်းစေမည့်ကိစ္စရပ်အချို့ ရှိနေကာ အထူးသဖြင့် ပါတီတည် ထောင်စဉ်ကပင် ပါဝင်ခဲ့သော ပါတီဝင်များနှင့် ၂၀၁၂ပါတီမှတ် ပုံတင်ပြီးနောက်ပိုင်းမှ ပါဝင် လာ သော ပါတီဝင်များအကြားဖြစ် ပွားနေသော အမြင်မကြည်လင် သည့်ကိစ္စရပ်ပင်ဖြစ်ကြောင်း တိုင်းဒေ သကြီး အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။
၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမကျင်;ပမီနှင့် ကျင်းပပြီးကာလများတွင် ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်း ကိစ္စ၊ ပါတီဝင်အဟောင်းများအား နေရာ မပေးခြင်းကိစ္စများကို အကြောင်းပြု၍ ပါတီဝင်အင်အား အများစုမှာ NLDမှ နုတ်ထွက်၍ ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်ခြင်း၊ ပါတီသစ် တည်ထောင်ခြင်း စသည့်ကိစ္စရပ်များဖြစ်ပေါ်ခဲ့သည်။
7Day Daily
No comments:
Post a Comment