Thursday, May 14, 2015

မြန်မာကိုပေးတဲ့ အကူညီ ၄၀% ကို သြစီလျှော့ချ


သြစတြေးလျ အစိုးရက မနေ့ညတုန်းကပဲ ဒီနှစ်အတွက် ဘတ်ဂျက်ကို ကြေညာလိုက်ပြီး မြန်မာနိုင်ငံ ကို ပေးနေတဲ့ ထောက်ပံ့ကူညီငွေကို ၄၀ % တောင် လျှော့ချလိုက်ပါတယ်။မြန်မာနိုင်ငံကို သြစတြေးလျက တစ်နှစ်ကို သန်း ၁၀၀ ဝန်းကျင် ကူညီရာကနေ ၄၀% လောက်ကို လျှော့ချမှာ ဖြစ်ပါတယ်။
သြစတြေးလျက မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးမှာ အဓိက အထောက်အပံ့ပေးနေတာ ဖြစ်ပါတယ်။

အကူအညီတွေ လျှော့ချမှု အခံရဆုံး ဒေသကတော့ အာဖရိက ဒေသဖြစ်ပြီး ပေးနေကျ အကူအညီ ၇၀% ကို လျှော့ချမှာ ဖြစ်ပါတယ်။ အရင်တုန်းက အာဖရိက ဒေသအတွက် ဒေါ်လာ သန်းပေါင်း ၁၈၇ သန်း နီး ပါးပေးရာကနေ ၉၄ သန်း နီးပါးအထိ လျှော့ချမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ အာဖဂန်နစ္စတန်ကို ပေးကမ်းနေတဲ့ အကူအညီကိုလည်း တစ်ဝက်နီးပါး လျှော့ချမှာပါ။

နောက်လာမယ့် သုံးနှစ်ကျရင်လည်း နိုင်ငံတကာကို ပေးနေတဲ့ ကူညီထောက်ပံ့ငွေတွေကို ၃.၇ ဘီလီယံ ထပ်မံ လျှော့ချမယ်လို့ ဆိုပါတယ်။

မြန်မာလို ဒီမိုကနေစီ လမ်းကြောင်းပေါ် တက်လာစ ပြုနေတဲ့ ဒေသတွင်းက နိုင်ငံနဲ့ တိုင်းရင်းသား ပြဿနာ ကြုံနေရသေးတဲ့ နိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို လျှော့ချတဲ့အပေါ်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ က ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ဆင်းရဲသူတွေ များပြားတဲ့ အာဖရိက ဒေသကိုလည်း အကူအညီတွေ လျှော့ချတဲ့အတွက် အကြီးအ ကျယ် ဝေဖန်နေကြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေရဲ့ စာရင်းဝင် ဖြစ်တဲ့ သြစတြေးလျနိုင်ငံအနေနဲ့ ဆင်းရဲတဲ့ နိုင်ငံကို ပေးနေတဲ့ အကူအညီတွေ လျှော့ချလိုက်တာဟာ ရှက်စရာ ဖြစ်နေတယ်လို့ Oxfam အဖွဲ့က ပြောလိုက်ပါတယ်။

အဲဒီလို လျှော့ချမှုတွေက လူပေါင်း သန်းနဲ့ချီရဲ့ ပညာရေး၊ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်တယ်လို့ ပြော လိုက်ပါတယ်။

သြစတြေးလျရဲ့ ဒုက္ခသည်တွေကို လက်ခံပေးတဲ့ ကမ္ဘောဒီးယား၊ Nauru နဲ့ ပါပူဝါနယူးဂနီနိုင်ငံတွေကိုတော့ ကူညီထောက်ပံ့ငွေ လျှော့ချတာမျိုး မလုပ်ခဲ့ပါဘူး။

ပြည်တွင်းက လူမှု ထောက်ပံ့ကြေးတွေမှာလည်း တင်းကြပ်လိုက်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လယ်သမားတွေကိုတော့ ကူညီထောက်ပံ့မှုတွေ ပိုပေးမှာ ဖြစ်ပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် ဒုက္ခရောက်နေတဲ့လယ်သမားတွေကို အကူအညီပေးမှာ ဖြစ်သလို၊လယ်သမားတွေ အတွက် ရေတွေ ရရှိအောင် လုပ်ဆောင်ပေးတဲ့ ကုမ္ပဏီတွေကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးမှာ ဖြစ်ပါ တယ်။

ဒါ့အပြင် လယ်သမားတွေအတွက် အခုထက် သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးမှာ ဖြစ်သလို၊ စိုက် ပျိုး မွေးမြူရေး ခြံတွေမှာ ရောဂါပိုးတွေ မကျရောက်အောင် ကြိုတင်ကာကွယ်မှုတွေကိုလည်း လုပ်ပေးမယ်လို့ သိရပါတယ်။

ABC


No comments:

Post a Comment

My Blog List