Thursday, May 14, 2015

တရုတ်ရဲများ ညှဉ်းပန်းနှိပ်စက်မှု ဆက်လုပ်နေဟု လူ့အခွင့်အရေးအဖွဲ့ ပြော


တရုတ်သမ္မတ ရှီကျင့်ပင်းက တရားဥပဒေ စိုးမိုးရေးအတွက် ပြုပြင်ပြောင်းလဲရေးကို ကတိပြုထားပေမယ့် ရဲတွေက အချုပ်တွေမှာ ညှဉ်းပန်းနှိပ်စက်တာတွေ ဆက်ရှိနေတုန်းပဲလို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မေ ၁၃ ရက်နေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂက တရုတ်ပြည်မှာ ညှဉ်းပန်းနှိပ်စပ်မှုတွေ ရှိနေတဲ့ကိစ္စကို စစ်ဆေးဖို့ ၆ လအလိုမှာ အခု အစီရင် ခံစာ ထွက်ပေါ်လာတာပါ။

တရုတ်ပြည်မှာ သမ္မတ ရှီကျင့်ပင်းက တရားဥပဒေ စိုးမိုးရေးကို ကတိပြုထားပြီး ဖေဖော်ဝါရီလတုန်း ကတော့ နိုင်ငံတော် တရားရုံးချုပ်က ရဲတွေကို စစ်ကြောရေး ကာလမှာ မညှဉ်းဆဲဖို့ ဥပဒေ ထုတ်ပြန်ခဲ့ ပါတယ်။

ဒါပေမယ့် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်မှုတွေက စိုးရိမ်စရာအဖြစ် ဆက်ရှိနေတယ်လို့ Human Rights Watch ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချက်ဆင်( Sophie Richardson)က ပြော ပါတယ်။

တကယ်တော့ ဥပဒေကို ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ပြန်ထားပြီး အခုအထိ အကျဉ်းစခန်းထဲမှာ ညှဉ်း ပန်း နှိပ်စက်မှုတွေက ကြီးမားတဲ့ ပြဿ နာအဖြစ် ဆက်ရှိနေတယ်။

ဥပဒေကို အကောင်အထည်ဖော်ပေးရမယ့် ယန္တရားတွေကလည်း လက်တွေ့မှာ အလုပ်မဖြစ်ဘူးလို့ ဆိုပါ တယ်။

အများအားဖြင့် အချုပ်သားတွေကို ရဲတွေ၊ အစောင့်တွေက ရိုက်နှက်တာ၊ ထောင်သားအချင်းချင်း အုပ်ချုပ်ဖို့ တာဝန်ပေးထားတဲ့သူတွေက ရိုက်နှက်တာတွေဟာ အတွေ့ရ များတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာကို မနှစ်က အကျဉ်းသား ၄၈ ယောက်နဲ့၊ မိသားစုတွေနဲ့ ရှေ့နေတွေ၊ အရာရှိ ဟောင်းတွေနဲ့ တရားရုံးစီရင်ချက်အပေါ် သုံးသပ်ချက်စာတမ်း တခု အခြေခံတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာက အဓိက မီးမောင်းထိုးပြတဲ့အမှုတွေက နိုင်ငံရေးအမှုတွေ မပါဝင်ဘဲ တခြားခိုးမှု၊ လုယက်မှုနဲ့ တခြား ရာဇ၀တ်မှုကိစ္စမျိုးတွေပဲ ပါဝင်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးအမှုတွေဆိုရင် ညှဉ်းပန်းမှုက အခြေအနေ ပိုဆိုးတယ်လို့ Human Rights Watch က ပြောပါတယ်။

ရဲအဖွဲ့ကိုကွပ်ကဲတဲ့ ပြည်သူ့ဘ၀လုံခြုံရေးဌာနတို့ကတော့ အစီရင်ခံစာနဲ့ပတ်သက်လို့ တုံ့ပြန်ချက် မပေးသေး ပါဘူး။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာ ချွန်ရင်း (Hua Chunying)က ဒီလို ညှဉ်းပန်း နှိပ်စက် မှုတွေကို ဥပဒေနဲ့ တိတိကျကျ ပိတ်ပင်ထားပြီဖြစ် လို့ ဥပဒေ ချိုးဖောက်သူ တွေကို အရေးယူမယ်လို့ ပြော ပါတယ်။

DVB 




No comments:

Post a Comment

My Blog List