Tuesday, May 12, 2015

မဲဆန္ဒရှင်များမဲထည့်ရန် သွားလာရေးအတွက် ပါတီ (သို့မဟုတ်) ကိုယ်စားလှယ်လောင်းက စီစဉ်ပေးပါက ဥပဒေနှင့် ငြိစွန်းဟုဆို


ရွေးကောက်ပွဲ ကာလတွင် မဲဆန္ဒရှင်များ မဲသွား ပေးရန် သွားလာရေးအတွက် နိုင်ငံရေးပါတီ (သို့မဟုတ်) လွှတ်တော်ကိုယ်စားလှယ်လောင်းက  စီစဉ်ပေးပါက မဲဆွယ်ခြင်းသဘောသက်ရောက်ပြီး ရွေးကောက်ပွဲ ဥပဒေနှင့်ငြိစွန်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက မေလ ၁၁ ရက်တွင် ကျင်းပသောပြည်သူ့လွှတ်တော်၌ ပြောကြားသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ တွင် မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း (သို့မဟုတ်) ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေချ မှတ်ရမည် ဟုပါရှိသည်။

ပုဒ်မ ၅၈(က) တွင် ရွေး ကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ ပြန်သည့်အနေဖြင့်သော်လည်း ကောင်း၊ ငွေ၊ ပစ္စည်း၊ အစားအ သောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု (သို့မဟုတ်)လာဘ်ပေးခြင်း(သို့မဟုတ်) လာဘ်ယူခြင်းဟု ပါရှိသည်။

ပုဒ်မ ၅၈(က)တွင် ပါရှိ သော ရွေးကောက်မှုဆိုင်ရာအခွင့် အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင် သော အခွင့်အရေး၊ ပါဝင်ယှဉ် ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်နိုင်သော  အခွင့် အရေး၊  ရွေး ကောက်ပွဲတွင်  မဲပေးနိုင်သော အခွင့်အရေး  (သို့မဟုတ် )  မဲပေး ခြင်းမပြုဘဲနေနိုင်သော အခွင့်အ ရေးကိုဆိုလိုသည်ဟု ရွေးကောက် ပွဲဥပဒေကို ကိုးကားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ဆန္ဒမဲပေးရန်အတွက် အ တင်းအကျပ် မဲဆွယ်စည်းရုံး ပါကလည်း ရွေးကောက်ပွဲဥပဒေ များနှင့်ငြိ စွန်းနိုင်ကြောင်း ဦးဝင်းကိုက ပြောသည်။

ဝေးလံခေါင်သီသော ကျေး လက်နေ မဲဆန္ဒရှင်များအနေဖြင့် တစ်ရွာမှ တစ်ရွာသို့ ဆန္ဒမဲပေးရန် သွားရာ တွင် သွားရေးလာရေး အဆင်ပြေစေရန် နိုင်ငံတော်အစီ အစဉ်ဖြင့် ဆောင်ရွက်မှုရှိ၊ မရှိရန်ကုန်တိုင်းဒေသ ကြီး ထန်းတပင်  မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းရီက ပြည်သူ့လွှတ်တော်သို့  မေးမြန်းခဲ့ သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူ များအတွက် ခရီးလမ်းအကွာ အဝေးတို့ကို ထောက်ရှုပြီး လိုအပ် ချက်အရ မဲရုံများကို ဖွင့်လှစ်ပေး သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ဦးဝင်းကိုက ဆိုသည်။

7Day News Journal


No comments:

Post a Comment

My Blog List