Friday, May 15, 2015

၂၀၀၈ အခြေခံဥပဒေကို ကာကွယ်မည့် ဥပဒေကြမ်းတစ်ခု အစိုးရက အမြန်ဆုံးရေးဆွဲရန် သူရဦးရွှေမန်းကိုယ်တိုင် တိုက်တွန်းကြောင်း အဆိုတင်သွင်း


၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်း တစ်ခု လွှတ်တော် သို့ ပြည်ထောင် စုအစိုးရက အမြန်ဆုံးတင်သွင်းရန် တိုက်တွန်းကြောင်း အဆိုတစ် ရပ်ကို မေလ ၁၄ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကိုယ်တိုင်အဆိုတင်သွင်းလိုက် သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရန် ကြိုးပမ်းနေသည့် အချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး အတွက် အခက်အခဲ ဖြစ်စေမည့် အချက်များ ယင်း ဥပဒေကြမ်း၌ ပါဝင်လာပါက ကန့်ကွက်သွားမည်ဖြစ်ေ ကြာင်း လွှတ်တော်တွင်းရှိ အတိုက်အခံနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက 7Day Daily သတင်းစာအား ပြောသည်။

မေလ ၁၄ ရက်က ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့် ရှောက်သည့် အက်ဥပဒေ ရုပ် သိမ်းနိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းတစ်ခု သက်ဆိုင်ရာဝန်ကြီးဌာနကအမြန်ဆုံးရေး ဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် သူရဦးရွှေမန်းက တင်သွင်းလိုက်ခြင်း ဖြစ်သည်။

၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ကာကွယ်စောင့်ရှောက် ရေး အက်ဥပဒေကို ရုပ်သိမ်းရန် အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ပြီးနောက် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယင်းအဆိုကို တင်သွင်းလိုက်ခြင်း ဖြစ်သည်။

ယင်း ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့် ရှောက်ရေး အက်ဥပဒေသည် အ ခြေခံဥပဒေ တွင် ပါရှိသည့် မူလ အခွင့်အရေးပြဋ္ဌာန်း ချက်များကို ပျက်ပြားအောင် မလုပ်ရေး၊ နိုင်ငံ ရေးဆောင်ရွက်မှု များကို လက် နက်ကိုင်နည်းလမ်းများဖြင့် မလုပ်ရေး၊ မြန်မာနိုင်ငံတွင် မည်သည့် နိုင်ငံရေး အာဏာရှင်စနစ် ကိုမှ မ တည်ထောင်ရေး၊ အတိုက်အခံ နိုင်ငံရေးအဖွဲ့ အစည်းထားရှိခွင့် ပြုသည့် ပါလီမန်ဒီမိုကရေစီစနစ် ပျက်ပြားစေရန် ရည်ရွယ်သော အကြံပေးမှု၊ တိုက်တွန်းမှု၊ လှုံ့ဆော်အားပေးမှု မလုပ်စေရေးအတွက် ထည့်သွင်းပြဋ္ဌာန်းထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက် ရေးအက်ဥပဒေသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာ ကွယ်စောင့်ရှောက်ရန် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ကာ ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်သွားပြီဖြစ်သည့်အပြင် အဆိုပါအက်ဥပဒေတွင် ခေတ်ကာလနှင့် ကိုက်ညီမှုမရှိတော့သည့် စကား လုံးအသုံးအနှုန်းများပါဝင်သည့်အတွက် ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော် နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမို ကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော် မတီ အတွင်းရေးမှူး ဦးတင်မောင်ကမူ ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ် စောင့်ရှောက်သည့် အက်ဥပဒေ သည် ခေတ်အဆက်ဆက်ရုပ် သိမ်းခြင်းမရှိသည့်အတွက် လက်ရှိအချိန်ထိ တည်ရှိနေသည့် ဥပဒေတစ်ခုအဖြစ် သုံးသပ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ကြောင့် ယင်းအက်ဥပဒေ သည် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဆက် လက် ကာကွယ်စောင့်ရှောက်နေသည့်အတွက် ယင်းအက်ဥပဒေ ကို ရုပ်သိမ်းလိုက်ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အကာအကွယ် မဲ့သွားမည် ဖြစ် ကြောင်း၊ ၁၉၅၉ ခုနှစ် အက်ဥပဒေအား ခေတ်ကာ လနှင့် ညီညွတ် သော စကားရပ်များဖြင့် ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်းပြုလုပ်ပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြီးမှ ရုပ်သိမ်းခြင်းပြုလုပ်သင့်ကြောင်း ဦးတင်မောင်က လွှတ်တော်သို့ ပြောသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး က လက်ရှိအချိန်တွင် ပြည်ထဲရေး ၀န်ကြီး ဌာနသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေကာကွယ်စောင့်ရှောက် ရေးဥပဒေမူကြမ်းကို ရေးသားနေ ပြီး ၁၉၅၉ ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်သည့် အက်ဥပဒေအပေါ် အခြေခံပြီး ခေတ်နှင့် ညီသော အသုံးအနှုန်းများပြုပြင်ပြီး ရေးထားခြင်းဖြစ်ကာ ယင်းဥပဒေကြမ်းထဲတွင် ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကာကွယ်စောင့်ရှောက်သည့် အက်ဥပဒေတို့ တစ်ခါတည်းရုပ်သိမ်းသွားရန် ပါဝင်ကြောင်း ပြည်သူ့ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ သည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်၊ ပြည်သူ့ လွှတ်တော်နိုင်ငံသားများ မူလအ ခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မ တီနှင့် ဒုတိယရှေ့နေချုပ်တို့၏ ဆွေးနွေးတင်ပြချက် များအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကာ ကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းပြီးမှ ၁၉၅၉ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေကာကွယ်စောင့် ရှောက်သည့် အက်ဥပဒေကို ရုပ် သိမ်းနိုင်မည်ဟု သူရဦးရွှေမန်း က လွှတ်တော်သို့ ပြောသည်။

ထို့နောက် ဆွေးနွေးမှုများအပေါ်အခြေခံကာ ၁၉၅၉ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် သည့် အက် ဥပဒေကို ရုပ်သိမ်းနိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက် သည့် ဥပဒေကြမ်းတစ်ခုကို သက် ဆိုင်ရာဝန်ကြီးဌာနက အမြန်ဆုံး ရေးဆွဲပြီး လွှတ်တော်သို့ တင် သွင်းရန်အဆိုကို သူရ ဦး ရွှေမန်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားဆန္ဒကိုတောင်းခံရာ ကန့်ကွက်သူမရှိသဖြင့် အဆိုကို လွှတ်တော်က အတည်ပြုပေး ခဲ့သည်။

သို့သော် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအဆို တင်သွင်းမည့် အစီအစဉ်သည် လွှတ်တော်အ စည်းအဝေးအစီအ စဉ်တွင် ပါရှိထားခြင်းမရှိကြောင်း၊ ညှိနှိုင်းမှုများလည်း မရှိသည့်အ ပြင် ချက်ချင်းကြီး လုပ်ဆောင် သည့်အတွက် အံ့အားသင့်မိ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေသည့် အချိန်တွင် ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ကြမ်းတစ်ခုကို အစိုးရအဖွဲ့အား ရေးဆွဲပြီး အမြန်လွှတ်တော်ကိုတင်ရန် လုပ်ဆောင်မှုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေးအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်က ပြောသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး စိုင်းသီဟကျော် ကလည်း လွှတ် တော်သို့ တင်လာမည့် ယင်းဥပဒေ ကြမ်းတွင် လက်ရှိဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင် ရန် ပိုမိုခက်ခဲ စေမည့် အချက်များပါဝင်လာပါ က ကန့်ကွက်မည်ဟု ပြောသည်။

လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေသည် တပ်မတော် အစိုးရက ဆယ်စုနှစ်တစ်ခုကျော် ကြာ အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစံနှုန်း များနှင့် ကိုက်ညီ ရန် အားနည်းချက်များရှိနေကာ ပြင်ဆင်ရန် ခက်ခဲ လွန်းကြောင်း ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အ စည်း၏ ဝေဖန်ခြင်း ခံနေရသည်။

7Day Daily


No comments:

Post a Comment

My Blog List