Monday, May 11, 2015

ဖိလစ်ပိုင်တွင် အားပြင်းတိုင်ဖုန်း မုန်တိုင်းတိုက်ခတ်၍ လူအများဘေး လွှတ်ရာသို့ ရွှေ့ပြောင်း၊ လူ နှစ်ဦး သေဆုံးပြီဖြစ်


ဖိလစ်ပိုင်နိုင် အရှေ့မြောက်ပိုင်း ကာဂါယန်းပြည်နယ်သို့ အားပြင်းတိုင်ဖုန်း မုန်းတိုင်း ဝင်ရောက်တိုက်ခတ် ရာ လူအများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရပြီးလူနှစ်ဦး သေဆုံးပြီ ဖြစ်သည်။ ဒေသတွင်း နေရာနယ်ပယ် များစွာတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။
နိုအယ်တိုင်ဖုန်း မုန်တိုင်းကြောင့် ဒေသခံ ၃၀၀၀ ကျော်ထက်မနည်း ဘေးခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ ရပြီး လူနှစ်ဦးလည်း သေဆုံးခဲ့သည်။

ကုန်းတွင်းသို့ မုန်တိုင်း ဝင်ရောက်ပြီးနောက် လေတိုက်နှုန်းအားပျော့သွားခဲ့သည်။ တနလာင်္နေ့က တစ်နာရီ လျှင် လေတိုက်နှုန်း ၁၉၅ ကီလိုမီတာရှိနေရာမှ ၁၆၀ ကီလိုမီတာသို့ နည်းပါးသွားသည်။ ယင်းမုန်တိုင်းသည် ဂျပန်တောင်ပိုင်းသို့ တစ်နာရီလျှင် ၁၉ ကီလိုမီတာနှုန်းဖြင့် ဦးတည်တိုက်ခတ်သွားဖွယ်ရှိကြောင်း မိုးလေဝသ ဗျူရိုက ပြောသည်။

နိုအယ်မုန်တိုင်း၏ အဆင့်ကို အဆင့်ငါး အဆင့်မှ အဆင့်လေးအဆင့် လျှော့ချသတ်မှတ်ခဲ့ကြောင်း ဗြိတိန် အခြေစိုက် အပူပိုင်းမုန်တိုင်း ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဆိုးဝါးသည့် ရာသီဥတုဘေးနှင့် မကြာခဏ ရင်ဆိုင်ခဲ့ရသည့် နိုင်ငံဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်းက ဟိုင်ယန်းတိုင်ဖုန်း မုန်တိုင်းတိုက်ခတ်သဖြင့် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရသည်။

REF : BBC
Mizzima - News in Burmese

No comments:

Post a Comment

My Blog List