လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် တရားစွဲ ဆိုခံထားရသည့် ဦးနေမျိုးဇင်အပါအ၀င် ခြောက်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် လေးလစီ ပြစ် ဒဏ်ကျခံစေရန် ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချမှတ်လိုက်သည်။
အလုပ်နှင့် ထောင်ဒဏ် ချမှတ်ခံရသူ ခြောက်ဦးမှာ ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင် ထွဋ်ပိုင်၊ ဒေါ်စန်စန်းဝင်း၊ ဦးသန်းဆွေတို့ ဖြစ်သည်။
ဒဂုံမြို့နယ် တရားရုံးက ၄င်းတို့ကို ရုန်းရင်းဆန်ခတ်မှု၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မများဖြစ်သည့် ၁၄၇/ ၃၅၃/၅၀၅ (ခ) တို့အပြင် ပုဒ်မ ၁၈ ဖြင့်ပါ စွဲချက်တင်ထားခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မများအတွက် ထောင် ဒဏ် လေးနှစ်နှင့် လေးလစီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment