ကျင်းပ ပြုလုပ်လျှက်ရှိသော အာရှယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် နေသော မြန်မာ ယူ-၁၉ အသင်းအနေဖြင့် အုပ်စု နောက်ဆုံးပွဲတွင် အီရန် အသင်းကို သုံးဂိုးပြတ် ရှုံးလျှင်ပင် ကွာတား ဖိုင်နယ်သို့ တက်ရောက် နိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်း ပါဝင်သော အုပ်စု(က)တွင် အုပ်စု ဒုတိယပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီးချိန်၌ မြန်မာ အသင်းက ရမှတ် လေးမှတ်ဖြင့် ဦးဆောင် နေပြီး ယီမင်က ရမှတ်လေးမှတ် ဂိုးကွာ ခြားချက်ဖြင့် အုပ်စု ဒုတိယ၊ ထိုင်းအသင်းက ရမှတ် သုံးမှတ်ဖြင့် တတိယ၊ အီရန် အသင်းက အမှတ်မရရှိသေးပဲ အုပ်စုအောက် ဆုံးတွင် ရပ်တည်နေသည်။ အုပ်စု နောက်ဆုံး ပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၃ ရက်(ယနေ့) ညနေ ၆း၃၀ နာရီအချိန်တွင် မြန်မာနှင့် အီရန်က သုဝဏ္ဏကွင်း၊ ထိုင်းနှင့် ယီမင်က ၀ဏ္ဏသိဒ္ဓွိကွင်းများတွင် ကစားရမည်ဖြစ်သည်။
အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များတွင် ရမှတ်တူပါက ထိပ်တိုက်တွေ့ဆုံမှု(Head to Head) စနစ်ဖြင့် ဆုံးဖြတ်မည်ဖြစ်ရာ ထိုင်းနှင့် ယီမင်တို့ပွဲတွင် ထိုင်းအသင်း အနိုင်ရခဲ့ပါက မြန်မာနှင့် ယီမင်တို့ အမှတ်တူ သွားမည်ဖြစ်ပြီး ဂိုးကွာခြားချက်အရ မြန်မာအသင်းက အသာရမည် ဖြစ်ကာ အီရန်ကို သုံးဂိုးပြတ် ရှုံးလျှင်ပင် ကွာတား တက်မည်ဖြစ်သည်။
ယီမင်က ထိုင်းကို အနိုင်ရပါက မြန်မာနှင့် အီရန်တို့ပွဲရလဒ်မှာ အရေးမပါတော့ပဲ မည်သည့်ရလဒ်ထွက်ပေါ် သည်ဖြစ်စေ မြန်မာနှင့် ယီမင်တို့ နောက်တစ်ဆင့် တက်မည်ဖြစ်ကာ ယီမင်နှင့် ထိုင်းတို့ သရေရလဒ် ထွက်ပေါ်ပါက မြန်မာနှင့် ထိုင်းတို့ အမှတ်တူ သွားမည် ဖြစ်ပြီး ထိပ်တိုက် တွေ့ဆုံမှု အသာရ ထားသည့် မြန်မာနှင့် ယီမင်တို့ နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနှင့် အီရန်တို့ပွဲ ရလဒ်မှာ အုပ်စု ပထမ၊ ဒုတိယ နေရာအတွက်သာ ဆုံးဖြတ်ရမည်ဖြစ်ပြီး အီရန်အသင်းမှာ မြန်မာအသင်းကို အနိုင်ရလျှင်ပင် အုပ်စု အဆင့်မှ ထွက်ခွာ ရမည် ဖြစ်သည်။
အာရှယူ-၁၉ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု(က) အသင်းများရပ်တည်မှု
fixtureA
Mizzima - News in Burmese


No comments:
Post a Comment