Sunday, October 12, 2014

လိပ်ကျွန်လူသတ်မှု ထင်ကြေးဖြင့်ရေးသားမှုများ ရပ်တန့်ရန် ထိုင်းဝန်ကြီးချုပ် သတိပေး


ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား ၂ ယောက်နဲ့ ပက်သက်ပြီး  မီဒီယာတွေအနေနဲ့ ထင်ကြေးနဲ့ ရေးသားတာတွေကို ရပ်တန့်ကြဖို့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်ကနေ ဘန်ကောက်မြို့ကို အောက်တိုဘာ ၁၁ ရက်နေ့က ပြန်လည်ရောက်ရှိလာစဉ် လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ထိုင်းဝန်ကြီးချုပ်က ဒီအမှုကို စုံစမ်းတဲ့သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် လုပ်စေလိုတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ အမှုဖြစ်တဲ့အတွက် တရားခံမဟုတ်ရင် ဘယ်သူကမှ ဖမ်းဆီးရဲမှာ မဟုတ် ဘူးလို့လည်း ဆိုပါတယ်။

၂ ရက်ကြာ မြန်မာ ခရီးစဉ်အတွင်းမှာတော့ ထိုင်းဝန်ကြီးချုပ်က  မြန်မာ ၂ ယောက်ဟာ တရားခံတွေလို တိတိကျကျ မသတ်မှတ်နိုင်သေးဘဲ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာ ယုံကြည်မှုရအောင်  မျှမျှတတ ကိုင်တွယ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ပက်သက်လို့ အစိုးရကနေ ပြည်ထောင်စုအဆင့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ထိုင်းကို စေလွှတ်သွားဖို့ ရှိတယ်ဆိုပြီး အမှုကို လိုက်ပါဆောင် ရွက်ပေးနေသူတွေက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List