Sunday, October 12, 2014

အပစ်အခတ်ရပ်စဲရေး ပြန်လည်အသက်ဝင်ရန် ယူကရိန်းနှင့် ရုရှားခေါင်းဆောင်များ တွေ့ဆုံမည်


ခြောက်လကြာဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအဆုံးသတ်ရေးအတွက် ရုရှားသမ္မတဗလာဒီမာပူတွင်နှင့် အောက်တိုဘာ တတိယပတ်အတွင်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပီထရိုပေါ်ရိုရှန်ကို က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

ဒိုနေတက်ဒေသရှိ ရုရှားထောက်ခံသော တပ်ဖွဲ့များနှင့် ယူကရိန်းတပ်ဖွဲ့ခေါင်းဆောင်များက ပစ်ခတ်မှုရပ် ဆိုင်းထားရေးကာလကို သတ်မှတ်ရန် သဘောတူထားကြောင်း ပြောကြားခဲ့ပြီး စစ်တပ်ကလည်း တပ်ဖွဲ့များ ကို နောက်ဆုတ်ရန် သဘောတူထားကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ၏ ဒိုနေတတ်နှင့်လူဂါနက်ဒေသများတွင် သူပုန်များက တိုက်ခိုက်နေခြင်းသည် ရုရှား၏ မြှောက်ပင့်ပေးမှုကြောင့်ဖြစ်ကြောင်း ယူကရိန်းအစိုးရက မော်စကိုအစိုးရကို စွပ်စွဲထားသည်။

ပူတင်နှင့်ပေါ်ရိုရှန်ကိုတို့သည် အီတလီနိုင်ငံ၊ မီလန်မြို့၌ ကျင်းပမည့် အာရှ-ဥရောပဆွေးနွေးပွဲ (ASEM) သို့ တက်ရောက်မည့် ခရီးစဉ်အ တွင်း အောက်တိုဘာ  ၁၇ ရက်တွင် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် လွယ်ကူသည့် ဆွေးနွေးပွဲတစ်ခုဖြစ်လာလိမ့်မည်ဟု မထင်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် အီတလီဝန်ကြီးချုပ်၊ ဗြိတိန်ဝန်ကြီးချုပ်နှင့် ဂျာမနီဝန်ကြီးချုပ်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List