အမေရိကန်နိုင်ငံမှာ အီဘိုလာရောဂါသည် Thomas Eric Duncan ကို ဆေးကုသခဲ့တဲ့ ဆေးဝန်ထမ်းတဦး လည်း အီဘိုလာရောဂါ ကူးစက်ခံရပြန်တယ်လို့ တက္ကဆက်ပြည်နယ်ကျန်းမာရေးဌာနက မနေ့က ထုတ်ပြန် ပါတယ်။အောက်တိုဘာ ၁၀ ရက်နေ့က သူ့ရဲ့ ကိုယ်အပူချိန်တက်လာတာနဲ့ သီးသန့်ခွဲခြားပြီး ဆေးကုသမှု ပေးနေပါတယ်။
အမေရိကန်ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သောမတ်စ် ဖရိုင်ဒန်က (Dr. Thomas Frieden) က ရောဂါအတွက် အကာအကွယ် ယူထားတဲ့ကြားက ကူးစက်တာလို့ ပြောပါတယ်။
အမှားအယွင်းအတွက်လည်း အပြစ်တင်ထားပြီး အခုလိုဖြစ်ရတာအတွက် စစ်ဆေးမှုတွေလည်း ပြုလုပ် မယ်လို့ ပြောဆိုပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ ဒေးဗစ် လတ်ကီးက (Dr. David Lakey) က ဒုတိယမြောက် ရောဂါကူးစက်ခံရသူ ဖြစ်ဖို့များနေပြီး အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောဆိုပါတယ်။
အမေရိကတိုက်မှာ ပထမဆုံးအီဘိုလာရောဂါစစ်ဆေးတွေ့ရှိသူဖြစ်တဲ့ သောမတ်စ် အဲရစ် ဒွန်ကန် (Thomas Eric Duncan) ကတော့ ဆေးရုံတင်ပြီး ၁၁ ရက်အကြာ အောက်တိုဘာလ ၈ ရက်နေ့က သေဆုံးသွားပါတယ်။
အဲဒီချိန်ကစပြီး အနောက်အာဖရိကနိုင်ငံတွေက လေယာဉ်စီးခရီးသည် ၀င်ရောက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်လေဆိပ်ကြီး ၅ ခု မှာ အီဘိုလာရှိမရှိ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။
WHO အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံ ၇ နိုင်ငံမှာ အီဘိုလာကူးစက်ခံရသူ ၈၃၉၉ ဦးရှိလာပြီး သေဆုံးသူ ၄၀၃၃ ဦးရှိပြီလို့ အောက်တိုဘာ ၁၀ ရက်နေ့ ပြောပါတယ်။
သေဆုံးသူအများဆုံးကတော့ လိုင်ဘေးရီးယားနိုင်ငံဖြစ်ပြီး အဲ့ဒီနောက်ကမှ ဆီရီယာလီယွန်၊ ဂီနီ၊ နိုင်ဂျီးရီးယားနဲ့ နောက်ဆုံးကတော့ အမေရိကန်နိုင်ငံတို့ ဖြစ်ကြပါတယ်။
DVB
No comments:
Post a Comment