Monday, October 13, 2014

အောက်တိုဘာ ၁၂ ရက်နေ့ အာရှယူ ၁၉ ချန်ပီယံရှစ် ရလဒ်များ



မြန်မာက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အာရှယူ ၁၉ ချန်ပီယံရှစ် အုပ်စု (ဒီ) ပွဲစဉ်တွေကို အောက်တိုဘာ ၁၂ ရက်နေ့က ၀ဏ္ဏသိဒ္ဓိကွင်းမှာ ယှဉ်ပြိုင်သွား ပါတယ်။ ပထမပွဲမှာ အိုမန်နဲ့ မြောက်ကိုရီးယားတို့ ၁ ဂိုးစီ သရေ ကျသွား ပါတယ်။ ခြေရည်တူ အသင်းတွေ ဖြစ်လို့ အပြန်အလှန် ထိုးဖောက် ကစားနိုင်ပေမယ့် အိုမန်က အခွင့်အရေး ပိုရခဲ့ တာပါ။
ဒီပွဲသရေကျလို့ ၂ သင်းစလုံး ၁ ပွဲသရေ၊ တပွဲရှုံးနဲ့ ၁ မှတ်ပဲ ရသေးလို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ များနေပါတယ်။

အုပ်စု (ဒီ) ဒုတိယပွဲမှာလည်း ကာတာနဲ့ အီရတ်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲသရေကျကြောင့် ၂ သင်းစလုံး ၄ မှတ်စီနဲ့ အုပ်စုတွင်းမှာ ဦးဆောင်နေပြီး ကွာတားဖိုင်နယ်ကို တက်ဖို့ အခြေအနေကောင်းသွားပါတယ်။

အာရှယူ ၁၉ ချန်ပီယံရှဏ် အုပ်စု (ဘီ) ဒုတိယပွဲစဉ်တွေမှာ သြစတြေးလျက အင်ဒိုနီးရှားကို ၁ ဂိုး ဂိုးမရှိ၊ ယူအေးအီးနဲ့ ဥဇဘက်ကစ္စတန်အသင်းတို့က ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

အင်ဒိုနီးရှားက အုပ်စုတွင်းမှာ ကစားထားတဲ့ ၂ ပွဲလုံး ရှုံးလို့ ပြိုင်ပွဲကနေ ထွက်သွားရပါပြီ။ ကျန်တဲ့ ဥဇဘက်ကစ္စတန်၊ သြစတြေးလျနဲ့ ယူအေအီးတို့ကတာ့ ကွာတားဖိုင်နယ် တက်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရှိနေပါတယ်။

အုပ်စု(ဘီ)မှာ ပထမနဲ့ ဒုတိယရတဲ့အသင်းတွေဟာ မြန်မာအသင်းပါတဲ့ အုပ်စု(အေ)က ပထမ၊ ဒုတိယရတဲ့ အသင်းတွေ နဲ့ ကွာတားဖိုင်နယ်မှာ ဆုံရမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List