Sunday, October 12, 2014

မြန်မာအသင်း ထိုင်းကို သုံးဂိုးပြတ်နိုင်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပတဲ့ အာရှ ယူ-၁၉ လူငယ်ဘောလုံးပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်မှာ မြန်မာအသင်းက ထိုင်းအသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခွင့်အတွက် သုံးသင်းအပြိုင် ဖြစ်သွားပါပြီ။

အုပ်စု(က) အဖွင့်ပွဲမှာ ထိုင်းအသင်းက အာရှဘောလုံး အင်အားကြီး အီရန်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင် ရခဲ့ပေမယ့် မြန်မာအသင်းကို ဂိုးပြတ်ရှုံးခဲ့ခြင်း၊ အုပ်စု ဒုတိယပွဲစဉ်မှာ ယီမင်အသင်းက အီရန် အသင်းကို အနိုင်ရခဲ့ခြင်းတို့ကြောင့် နှစ်ပွဲကစားပြီးချိန်မှာ မြန်မာနဲ့ ယီမင်က လေးမှတ်စီ၊ ထိုင်းအသင်းက ရမှတ် သုံးမှတ်နဲ့ ရှုံးထွက်အဆင့် တက်ရောက်ဖို့ သုံးသင်းအပြိုင် ဖြစ်ခဲ့ရတာပါ။

အုပ်စု(က)မှာပါတဲ့ အာရှအင်အားကြီး အီရန်အသင်းကတော့ ထိုင်းကို နှစ်ဂိုးတစ်ဂိုး၊ ယီမင်ကို တစ်ဂိုး ဂိုးမရှိတို့နဲ့ နှစ်ပွဲဆက် ရှုံးခဲ့တာကြောင့် ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခွင့်ရဖို့ အခွင့်အရေး တော်တော် နည်းသွားပြီ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲကစားချိန် ၁၂ မိနစ်နဲ့ ၁၉ မိနစ်တွေမှာ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်၊ ၄၂မိနစ်မှာ တိုက်စစ်မှူး အောင်သူတို့က အသီးသီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ရှုံးထွက် အဆင့် တက်ရောက်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်တာမို့ နှစ်သင်းလုံး ခြေကုန်ထုတ် ကစားခဲ့ကြလို့ ပွဲကစားချိန် ၇၆ မိနစ်မှာ ထိုင်းအသင်းခေါင်းဆောင် နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ရပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က ဝဏ္ဏသိဒ္ဓိကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု(ဂ) ပွဲစဉ်တွေမှာ ဂျပန်အသင်းက ဗီယက်နမ်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ တရုတ်နဲ့ တောင်ကိုရီးယား ကတော့ ဂိုးမရှိသရေ၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု(က) ပွဲစဉ်တွေမှာတော့ ယီမင်အသင်းက အီရန်အသင်းကို တစ်ဂိုး ဂိုးမရှိ၊ မြန်မာအသင်းက ထိုင်းအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

(အောက်တိုဘာ ၁၂) မှာတော့ သုဝဏ္ဏကွင်းမှာ အုပ်စု (ခ) မှ အင်ဒိုနီးရှားနဲ့ သြစတြေးလျ၊ UAE နဲ့ ဥဇဘက် ကစ္စတန်၊ ဝဏ္ဏသိဒ္ဓိကွင်းမှာ အုပ်စု(ဃ)မှ အိုမန်နဲ့ မြောက်ကိုရီးယား၊ ကာတာနဲ့ အီရတ်အသင်း တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List