Friday, October 10, 2014

ဦးအောင်မြတ်တိုးအတွက် ရည်စူးလှူဒါန်းမယ့် အစီအစဉ်တွေ ထူးဖောင်ဒေးရှင်း ထုတ်ပြန်


တောင်တက်သမားနှစ်ဦး ရှာဖွေ ကယ်ဆယ်ရေးမှာ ပါဝင်ကူညီရင်း ပျောက်ဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာပြီး ရဟတ်ယာဉ်ပျက်ကျစဉ် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တဲ့ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး အတွက် ထူးဖောင်ဒေးရှင်းက လှူဒါန်းကူညီမှုတွေ လုပ်သွားမယ်လို့ ထူးဖောင်ဒေးရှင်းက ထုတ်ပြန် ကြေညာထားပါတယ်။

တောင်တက်သမားနှစ်ဦးကို ရှာဖွေဖို့ လူသားချင်း စာနာထောက်ထားပြီး ခုလို အသက်အန္တရာယ် ထိခိုက် ခဲ့ရတဲ့ ဦးအောင်မြတ်တိုးကို ရည်စူးပြီး ထူးဖောင်ဒေးရှင်းက ရွာလေးရွာမှာ စာသင်ကျောင်း လေးကျောင်းနဲ့ ဆေးခန်းတစ်ခန်း ဆောက်လုပ်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးအောင်မြတ်တိုးရဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးနဲ့ သားတို့အတွက် ဦးအောင်မြတ်တိုး ရရှိခံစားနေတဲ့ လစာ အတိုင်းကို လစဉ်ပေးသွားမှာ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ကျန်းမာရေးကိုလည်း တာဝန်ယူပေးသွားမယ်လို့ ထူးဖောင်ဒေးရှင်းက ဆိုပါတယ်။

ဦးအောင်မြတ်တိုးရဲ့ သားအတွက် ပြည်တွင်းပြည်ပ ပညာရေးအတွက်လည်း တာဝန်ယူပေးသွားမှာပါ လို့လည်း ထူးဖောင်ဒေးရှင်းက ထုတ်ပြန် ထားပါသေးတယ်။

“သတင်းရရချင်း ကျွန်တော်တို့ ရှာခဲ့တယ်။ တောအုပ်ထဲမှာ ရဟတ်ယာဉ်ဖြတ်လို့ မရတော့ ဦးရွှေရင်တော် ကြီး ညွှန်ပြတဲ့နေရာနဲ့ အနီးဆုံးမှာ ဆင်းပြီး တောနက်ထဲမှာ ရှာခဲ့တာပါ။ ဂူထဲမှာတော့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ တွေ့တယ်။ လိုက်ရှာရင်းနဲ့ပဲ ဂူနဲ့အနီးအနားမှာ အလောင်းကိုတွေ့ခဲ့တာပါ” လို့ထူးဖောင်ဒေးရှင်း ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးကိုကိုသက်က ဦးအောင်မြတ်တိုး အလောင်းကို ရှာတွေ့ခဲ့ပုံကို ရှင်းပြပါတယ်။

ပျက်ကျရဟတ်ယာဉ်မှာပါသွားသူ သုံးဦးအနက် ထိုင်းရဟတ်ယာဉ်မှူးနဲ့ ဦးရွှေရင်တော်ကြီးတို့ဟာ ကျန်းမာ ရေးအရ လက်ရှိဆေးကုသမှု ခံယူနေရတာကြောင့် မတော်တဆမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် မဖော်ပြနိုင်သေးဘဲ မကြာမီ အချိန်မှာ ထုတ်ပြန်ပေးသွားပါ့မယ်လို့ လည်း ထူးဖောင်ဒေးရှင်းက ဆိုပါတယ်။


Htoo Foundation

No comments:

Post a Comment

My Blog List