Monday, September 01, 2014

ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်ရေး ဖက်ဒရယ် တည်ဆောက်ရေးအတွက် UNFC နှင့်နိုင်ငံရေးအင်အားစုများ ပူးပေါင်း ဆောင်ရွက်မည်


ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံ ရေးဆွေးနွေးပွဲများပေါ်ပေါက်ရေး နှင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးတို့အတွက် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC)နှင့် နိုင်ငံရေးအင်အားစုများ ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

UNFC နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီ အင်အားစုများ၊ အမျိုး သမီးနှင့် လူငယ်အင်အား စုများ သြဂုတ် ၂၉ရက်မှ၃ဝရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် ဆွေး နွေးခဲ့ မှုအပြီး အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ၂ဝဝ၈ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေးအင်အားစုအားလုံးပါဝင် သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ ကြီး ပေါ်ပေါက်ရေးအပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေအရပ် ရပ်ပေါ်တွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ကာလသည် ပြည်သူအားလုံးလိုလားတောင့်တလျက်ရှိသော အမျိုးသားပြန် လည်သင့်မြတ် ရေး၊ ဒီမိုကရေစီရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု ဖော် ဆောင်ရေးတို့အတွက် တရားမျှတမှု၊ တန်းတူညီမျှ မှုနှင့် ဂုဏ်သိက္ခာ ရှိမှုတို့အပေါ်အခြေခံ၍ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းအဖြေရှာရန်လိုအပ်လျက်ရှိ သည်ကို ဆွေးနွေးပွဲပြီးမှ သုံးသပ်ရှုမြင်မိကြောင်းလည်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

ဆွေးနွေးပွဲတွင် UNFC, UNA, NLD, ၁၉၉ဝ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် များအဖွဲ့ (NPU) ၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ WLB )၊ မြန်မာနိုင်ငံကျောင်း သားနှင့်လူငယ်များ ကွန်ဂရက် (SYCB), ALP, DKBA, KNU, KNLA, AA, ABSDF စသည့်အဖွဲ့ အစည်းများမှ လူဦးရေစုစုပေါင်း ၁၁၃ ဦး တက်ရောက်ဆွေးနွေးခဲ့ ကြသည်။

ဇူလိုင်လက ပြုလုပ်ခဲ့သည့် လိုင်ဇာတိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်း အဝေးတွင်လည်း ဒီမို ကရေစီအရေး၊ အမျိုးသားတန်း တူရေးနှင့် ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးမူကို တစိုက်မတ်မတ် ကိုင်စွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်


The Union Daily

No comments:

Post a Comment

My Blog List