Thursday, September 04, 2014

မြန်မာနိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံသူအဖြစ် ဂျာမနီနိုင်ငံအား သမ္မတ ဦးသိန်းစိန် ကမ်းလှမ်း


ဂျာမနီ နိုင်ငံအား မြန်မာနိုင်ငံ၏ အဓိကရင်း နှီးမြှုပ်နှံသူအဖြစ် ဂျာမနီသို့ရောက်ရှိ နေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ ဂျာမနီနိုင်ငံ မြို့တော်ဘာလင်သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာ ၃ရက်နံနက်ပိုင်းက ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကယ်လ်နှင့် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန် က အထက်ပါအတိုင်းတရားဝင်ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

''ဂျာမနီနိုင်ငံဟာ ကျွန်တော်တို့ ရဲ့မိတ်ကောင်းဆွေကောင်းနိုင်ငံ တစ် နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဂျာမနီနိုင်ငံကို အဓိကရင်းနှီးမြှုပ်နှံ သူအဖြစ် ကျွန်တော်ကမ်းလှမ်းလိုပါတယ်။ 

ဂျာမနီနိုင်ငံဆီက ကျွန်တော် တို့အလိုချင်ဆုံးက အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးပြီး ကျွမ်းကျင် မှုတွေပါရရှိစေမယ့် ရင်းနှီးမြှုပ်နှံ မှုတွေဆောင်ကြဉ်းပေးဖို့ပါပဲ။ အထူးသဖြင့် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဂျာမနီက ကူညီပေးစေလိုပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က သတင်းထောက်များကို ပြောကြားခဲ့ သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာ ၃ရက် ဒေသစံ တော်ချိန် နံနက် ၁၁နာရီ ၄၅မိနစ် တွင် ဂျာမနီဝန်ကြီးချုပ်ရုံးတွင်ကျင်း ပသည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။

နိုင်ငံတော် သမ္မတသည် ဂျာမနီဝန်ကြီးချုပ် အန် ဂျလာမာကယ်လ်နှင့်အတူ ဂုဏ်ပြု တပ်ဖွဲ့ကိုစစ်ဆေးခဲ့ သည်။ ထို့နောက် ဂျာမနီဝန်ကြီးချုပ်က တည်ခင်းဧည့်ခံ သည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

နေ့လယ် စာစားပွဲအပြီးတွင် နှစ်နိုင်ငံ ခေါင်း ဆောင်ကြီးများသည် ပူးတွဲသတင်း စာရှင်းလင်းပွဲသို့တက် ရောက်ပြီး ချစ် ကြည်ရေးခရီးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သတင်းစာဆရာများ၏မေးခွန်းကို ဖြေကြားခဲ့သည်။ ''ဆွေးနွေးခဲ့ကြတာတွေက နယ် ပယ်အစုံပါပဲ။ စီမံကိန်းတွေထူထောင်ဖို့အတွက် ကျွန်မ တို့ဒီအကြောင်းနဲ့ ပတ်သက်ပြီးလဲ ဆွေးနွေးခဲ့ပါတယ်။ 

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ ရွေး ကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေး ကိစ္စတွေ၊ အခွန်ကိစ္စတွေကိုပါ ပြော ကြားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ သဘောတူစာချုပ်ကိစ္စတွေ ပြောခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ပြောတဲ့အခါမှာ ဒီအကြောင်းနဲ့ပတ် သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို မြန် မာနိုင်ငံမှာလုပ်ချင်ပါတယ်။ ပြီးတော့ ဒီမိုကရေစီဖွံ့ဖြိုးရှင်သန်ရေးအတွက် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း
ကိုလဲ ပြောကြားခဲ့ ပါတယ်''ဟု ဂျာမနီဝန်ကြီးချုပ်က ပြောကြားသည်။နိုင်ငံတော်သမ္မတသည် လေအား လျှပ်စစ်ထုတ်လုပ်သည့် Wind park (Feldheim Energy Sufficient Village ) သို့သွားရောက်လေ့လာ ကြသည်။

အဆိုပါ Feldheim ကျေး ရွာသည် ဘာလင်မြို့၏ အနောက် တောင်ဘက် ၃၇မိုင်အကွာတွင်ရှိပြီး ပြန်လည်ပြည့်ဖြိုးစွမ်းအင်လှုပ်ရှား မှုတွင် စံနမူနာယူစရာ ထင်ရှားသည့် ကျေးရွာကလေးတစ်ရွာဖြစ်သည်။ကမ္ဘာတစ်လွှားက ခရီးသွားများက ထိုကျေးရွာကလေးသို့ စိတ်ဝင်စားစွာ လာရောက်လည်ပတ် ကြကြောင်း သိရှိရသည်။ ထိုကျေးရွာတွင် မိမိကိုယ် ပိုင်လျှပ်စစ်ဓါတ်အားကို ရယူနေပြီး အဓိကအားဖြင့် လေအားနှင့် ဇီဝစွမ်း အင်တို့ဖြင့် ထုတ်လုပ်ပေးနေကြောင်း သိရသည်။

ထို့နောက်နိုင်ငံတော်သမ္မတ သည် ဂျာမနီနိုင်ငံ၏ အထင်ကရအထိမ်းအမှတ်များ အနက် တစ်ခုဖြစ် သော Brandenburg မုခ်ဦးသို့ သွား ရောက်လေ့လာကြည့်ရှုကြသည်။ ၁၇၈၈ခုနှစ်တွင် စတင်တည်ဆောက် ခဲ့သော အဆိုပါမုခ်ဦးသည် ဒုတိ ယကမ္ဘာစစ်အတွင်း အကြီးအကျယ် ပျက်စီးခဲ့ရသဖြင့် ပြန်လည်ပြုပြင်ခဲ့ ရသည်။ ယခုအခါ ယင်းမုခ်ဦးကို ဥရောပနှင့်ဂျာမနီတို့၏ သမိုင်းဝင်အထိမ်းအမှတ်အဖြစ်သာမက ဥရောပညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့၏သင်္ကေတအဖြစ် တင်စားသတ်မှတ်ထားကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ဘာလင်မြို့တော်ခန်းမတွင် ဘာလင်မြို့ တော်ဝန် Klaus Wowereit နှင့်တွေ့ ဆုံပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် ဥာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့ ဖြစ်သော Korber Foundation ကော်ဘာဖောင်ဒေးရှင်းသို့ သွားရောက်ကာ ဥက္ကဋ္ဌ Mr. Christian Wriedt တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် မြန်မာသံအမတ်ကြီး ဦးဆောင်သည့် မြန်မာသံရုံးမိသားစုဝင်များ၊ မြန်မာပညာတော်သင်များနှင့် တွေ့ဆုံသြဝါဒစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

Democracytoday
YMG

No comments:

Post a Comment

My Blog List