Friday, September 05, 2014

ယူကရိန်းမြေပေါ်က ရုရှားတပ်များ ရုပ်သိမ်းရန် နေတိုးစစ်မဟာမိတ်အဖွဲ့ တောင်းဆို


ယူကရိန်းမြေပေါ်ကနေ ရုရှားတပ်တွေ ရုပ်သိမ်းဖို့နဲ့ ခွဲထွက်ရေးသူပုန်တွေကို ထောက်ပံ့နေတာ ရပ်တန့်ဖို့ ဗြိတိန်နိုင်ငံ ဝေလပြည်နယ်မှာ ကျင်းပနေတဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးက ရုရှား ကို တောင်းဆိုလိုက်ပါတယ်။

ခရိုင်းမီးယားဒေသကို ကျုးကျော်တာကို တရားမ၀င်သလို အသိအမှတ်မပြုဘူး။ ဒါကြောင့် ရုရှားတပ်တွေ ယူကရိန်း မြေပေါ်ကနေ ပြန်ဆုတ်ပြီး ခွဲထွက်ရေး သူပုန်တွေအတွက် စစ်ကူတွေ၊ ငွေကြေးအကူအညီ၊ လက်နက်တွေ ထောက်ပံ့နေတာတွေကို ရပ်ဖို့ အတွင်းရေးမှူးချုပ်က အန်ဒါစ် ဖော ရာမြူဆင်က ပြောပါ တယ်။

ဒီအတောအတွင်း ယူကရိန်း သမ္မတ ပိုရိုရှန်ကိုနဲ့ ရုရှား လိုလားတဲ့ သူပုန်အဖွဲ့ ထိပ်တန်းခေါင်းဆောင် တယောက်တို့ကလည်း စက်တင်ဘာလ ၅ ရက်နေ့မှာ အပစ်ရပ်ဖို့ တပ်တွေကို အမိန့်ပေးမယ်လို့ ပြောထားပြီးဖြစ်လို့ ၅ လကြာစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် အပစ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့လည်း နီးစပ်နေပါပြီ။

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာတော့ ရုရှားလိုလားတဲ့ ခွဲထွက်ေ၇း သူပုန်တွေက ယူကရိန်း အစိုးရတပ်တွေ ကို တိုက်ပွဲအတော်များများမှာ အနိုင်ရခဲ့ပါတယ်။ ရုရှား တပ်တွေက ဗြောင်ထောက်ပံ့ပေးနေတယ်လို့ နေတိုး စစ်မဟာမိတ်အဖွဲ့က ပြောပါတယ်။

ဝေလပြည်နယ်မှာကျင်းပနေတဲ့ နေတိုး ထိပ်သီး ဆွေးနွေးပွဲရဲ့ ဘေးပန်း ဆွေးနွေးပွဲတခုမှတော့ ယူကရိန်း သမ္မတ ပိုရိုရှန်ကိုက အပစ်ရပ်စဲရေးဟာ စက်တင်ဘာလ ၅ ရက်နေ့ ဘီလာရုမှာ ယူကရိန်း၊ ရုရှားနဲ့ အီးယူ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။

နေတိုး စစ်မဟာမိတ်အဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက ခေါင်းဆောင်တွေ အပါအ၀င် နို်င်ငံပေါင်း ၆၀ ကျော် ရဲ့ ခေါင်းဆောင်တွေ တက်ရောက်နေပေမယ့် ရုရှားသမတ ဘလာဒီ မာပူတင်ကိုတော့ မဖိတ် ထားပါ ဘူး။

ယူကရိန်း အရေးဟာ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယား အရေးတို့ လိုပဲ ထိပ်သီးအစည်းအဝေးမှာ အရေးတကြီးဆွေးနွေးမယ့် ကိစ္စတွေထဲက တခုဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List