ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်နဲ့ ၀န်ကြီချုပ်သစ် ဖြစ်တဲ့ ပရာယွတ်ချန်အိုချာ ဟာ အစိုးရအဖွဲ့ကို စစ်သားတွေနဲ့ ဖွဲ့စည်းဖို့ ဘုရင့်ခွင့်ပြုချက်ရရှိ ခဲ့ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်ထဲ နေရာချဲ့ထွင်လာပြီ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၃၂ ဦးပါ အစိုးရအဖွဲ့အတွင်း သုံးပုံတစ်ပုံနီးပါးက စစ်တပ်အကြီးတန်း အရာရှိတွေ ဖြစ်ပါတယ်။
စစ်တပ်အင်အားကြီးပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့ထဲထည့်သွင်းခြင်းဟာ နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေတဲ့ သဘောထားကွဲပြားမှုတွေကို အဖတ်ဆည်ပေး နိုင်ပါ့မလားလို့ ဝေဖန်သူတွေက မေးခွန်းထုတ်နေကြပါ တယ်။
Ref: AFP
Kumudra

No comments:
Post a Comment