Wednesday, September 03, 2014

တိုက်ပွဲကြောင့် ယူကရိန်းဒုက္ခသည် ၂ ဆတိုးလာဟု ကုလသမဂ္ဂပြော


ယူကရိန်းနိုင်ငံအတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းကြ သူတွေဟာ အရင်လကထက် ၂ ဆတိုးလာပြီး အနည်းဆုံး လူဦးရေ ၂ သိန်း ၆ သောင်းလောက်ရှိပြီး နောက်ထပ်လူတွေလည်း ထွက်ပြေး
နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က စက်တင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ် လူဟန့်စ်နဲ့ အနားက မြို့တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ထွက်ပြေး ကြတဲ့ လူတွေအတွက် လူသားချင်းစာနာမှုအကူ အညီတွေ လိုအပ်နေတာပါ။

စက်တင်ဘာ ၁ ရက်နေ့ထိ ယူအန်အိပ်ခ်ျစီအာရဲ့ခန့်မှန်းချက်အရ လူ ၂ သိန်း ၆ သောင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သြဂုတ်လ အစောပိုင်းကတော့ လူ ၁ သိန်း ၁ သောင်း ၇ ထောင် နေရာရွှေ့ပြောင်း ခဲ့တယ်လို့ UNHCR ပြောခွင့်ရ သူက  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူအများအပြားက အာဏာပိုင်တွေကို အကြောင်းမကြားဘဲ ဆွေမျိုးတွေနဲ့နေဖို့ ရွေးချယ်ခဲ့ပြီး တကယ်အိုးအိမ်စွန့်ခွာရွှေ့ပြောင်းသူ အရေအတွက်က ခန့်မှန်းတာထက် များမယ်လို့ ဆိုပါတယ်။

ယူကရိန်းပြည်သူ ၈ သိန်းကျော်က ရုရှားမှာ အခြေအနေ အမျိုးမျိုးနဲ့ ဝင်ရောက် ခိုလှုံခဲ့လို့ သူတို့ပါ အပါအဝင် စုစုပေါင်း လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့တယ်လို့ ယူအန်အိပ်ခ်ျစီအာ က ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List