Monday, September 01, 2014

ခေါင်းလောင်းကြီးဆယ်ရန် နုန်းများတူးနေသည့်အဆင့်သို့ရောက်ရှိ ဝေဖန်မည့်အစား မေတ္တာဖြင့်စောင့်ဆိုင်းပေးရန် ဆယ်ယူရေးအဖွဲ့ပြော



ဓမ္မစေတီခေါင်း လောင်းဆယ်ယူရန် သောင်တူးစက်ဖြင့် နုန်းများတူးနေပြီး ဝေဖန်တိုက်ခိုက်နေမည့်အစား မေတ္တာဖြင့် ခဏစောင့်ဆိုင်းပေးရန် လိုအပ်ကြောင်း ဓမ္မစေတီခေါင်းလောင်းတော် ကြီးဆယ်ယူရေး အထောက်အကူပြု ပြန်ကြားရေး အဖွဲ့မှ သိရသည်။
''လောလောဆယ်မှာတော့ သောင်တူးတယ်။ နုန်းတွေတူးရမယ်။ ခေါင်းလောင်းကိုကြိုးထည့်မယ်ဆိုရင် တူးမှရမယ်။ သဲနုန်း တွေကို ဖယ်ထုတ်နေတယ်။ ဦးစံလင်းက ခေါင်းလောင်းကြီး အပေါ်ရောက်မှ သတင်းထပ်ထုတ်ပြန်မယ်လို့ ပြောတယ်''ဟု ဓမ္မစေ တီ ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးအ ထောက်အကူပြု ပြန်ကြားရေးအဖွဲ့မှ ဦးသန်း စိန်က ပြောသည်။



ခေါင်းလောင်းသည် နှစ်ပေါင်း ၄ဝဝ ကျော် နစ်မြုပ်ခဲ့ခြင်းဖြစ်၍ သဲနုန်းများ ဖုံးလွှမ်းနေကြောင်း သဲနုန်းဖယ်သောလုပ် ငန်းစဉ်များမှာ မည်မျှကြာမည် မသိနိုင်၍ ဆယ်ယူရန်အချိန်ကို စောင့်ဆိုင်းရမည်ဟု ဆိုသည်။



''ဘယ်သူ ဘာပြောပြော။ ဘယ် လိုပဲ ဝေဖန်ဝေဖန် အဲဒီလူတွေကို ပြောချင် တာက မေတ္တာလေးနဲ့ ခဏစောင့်ပေးကြ ပါ။ လုပ်ရတဲ့သူတွေ ပင်ပန်းလို့ပါ။ မေတ္တာ လေး၊ စေတနာလေးနဲ့ အကြံပေးချင်တယ် ဆိုရင် ရုံးခန်းကို လာခဲ့ကြပါလို့ ဖိတ်ခေါ် ပါတယ်''ဟု ဆယ်ယူရေးအထောက်အကူ ပြု ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီး ရှာဖွေဆယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက်ပေးထား ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီးက ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးအ စိုးရအဖွဲ့ထံမှ သိရသည်။



''ဓမ္မစေတီခေါင်းလောင်း ကိစ္စ က အန်တီနဲ့မဆိုင်ဘူး။ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဆောင်ရွက်တာပါ''ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီး ဒေါ်စန်းစန်းနွယ်က ပြောသည်။

ခေါင်းလောင်းဆယ်ယူရေးအား ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီး ပြည်သူ့ရဲတပ် ဖွဲ့ဝင်များက ရေယာဉ်များဖြင့် လုံခြုံရေးပေး ထားကြောင်း သိရသည်။



''ရဲတွေ ဦးစံလင်းရဲ့ သင်္ဘောပေါ် လာကြည့်တယ်ဆိုတာ ဟုတ်ပါတယ်။ကြာ ပါပြီ။ သူတို့ရဲတပ်ဖွဲ့တွေကတောင် ရေယာဉ် နဲ့ စောင့်ရှောက်ပေးနေပါတယ်။ အဓိက ကတော့ ဦးစံလင်း ကျန်းမာရေးကောင်းဖို့ ဆုတောင်းတယ်။ သူက အသက် ၆ဝ ကျော် နေပြီ။ သနားဖို့ကောင်းတယ်။ မိုးထဲလေထဲ မှာ သနားစရာကောင်းတယ်။ သူသာနေမ ကောင်းရင် ဒီလုပ်ငန်းကြီး ရပ်သွားနိုင်တယ်'' ဟု ဦးသန်းစိန်က ဆက်ပြောသည်။



ခေါင်းလောင်းတွေ့ရှိပြီလို့ သတင်းထုတ်ပြန်ပြီးနောက် လာရောက်ကြည့်ရှုသူများလာသလို အွန်လိုင်းတွင် နဂါးတွေ့ သည့် ကောလာဟလသတင်းကြောင့် အေးရှားပွိုင့် ဘိုးလင်းစင်တာတွင် ယခင်ထက် လူများစည်ကားလာပြီး အေးရှား ပွိုင့်ဘိုး လင်းစင်တာ၏ ဖွင့်ချိန်ကို နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ သတ်မှတ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။


Yangon Media Group

No comments:

Post a Comment

My Blog List